စနေနေ့ည ခရိုအေးရှား – မော်ရိုကို (တတိယလုပွဲ) အတွက် ဘီဘီစီ မှ ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

ဒီနေ့ စနေနေ့ ညမှာတော့ ခရိုအေးရှား နဲ့ မော်ရိုကို အသင်းတို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ တတိယနေရာ လုပွဲကို ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ ပွဲချိန် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ မှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ခရိုအေးရှား နဲ့ မော်ရိုကိုတို့ရဲ့ ဒီည တတိယနေရာ လုပွဲ အတွက် သုံးသပ်ခန့်မှန်းချက်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင်ကမှ ခံစစ်မှုးတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်ကြတဲ့ မော်ရိုကို အသင်း အတွက် ကျနော် စိတ်မကောင်း ဖြစ်မိပါတယ်။

ဒီလို နောက်ဆုံး လေးသင်း အဆင့် ထိ တင်ကျန်အောင် သူတို့ မယုံနိုင်လောက်အောင် စိတ်အား၊ လူအားတွေ အကုန် ထည့် ကြိုးစားခဲ့တာကို ကျနော် တွေးမိပါတယ်။ အခု သူတို့ရဲ့ အိပ်မက်က ပျက်ပြယ်သွားတော့ နည်းနည်း အားကုန်သွားသလို ခံစားနေကြရပါလိမ့်မယ်။

မော်ရိုကို က ဒီပွဲကို အနိုင်ယူပြီး တတိယ နေရာ ရသွားဖို့ စိတ်အားထက်သန် နေကြပါလိမ့်မယ်။ ဒါပေမယ့် ခရိုအေးရှားက ဘယ်လို စိတ်ဓာတ်၊ ဘယ်လို လူရွေးချယ်မှုတွေ လုပ်မလဲ ဆိုတာ ကျနော် မသေချာပါဘူး။

သူတို့ အုပ်စုအဆင့်မှာ တွေ့တုန်းက ဝ-ဝ နဲ့ သရေကျခဲ့တာပါ။ ဒီနှစ်သင်းဟာ အတောင့်တင်းဆုံး ပုံစံနဲ့ နိုင်ပွဲ အတွက် အကုန်ထုတ် ကစားကြမယ် ဆိုရင် ကျနော် ခရိုအေးရှား ဘက်က နေချင်ပါတယ်။

ဒါပေမယ့် ဖြစ်လာမယ်တော့ မထင်ဘူး။ ဒီတော့ မော်ရိုကို ကို အလှဆုံး ပုံပြင်ဆန်တဲ့ ဇာတ်သိမ်းခန်းလေး ပေးလိုက်ကြ ရအောင်ပါ။ ” လို့ ဆက်တန် က သုံးသပ်ထားပါတယ်။

ခရစ် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ခရိုအေးရှား 1-2 မော်ရိုကို ဖြစ်ပါတယ်။