သူ မပြုတ်ခင် အရင် ပြုတ်သွားတဲ့ နူနို အတွက် စိတ်မကောင်း စာနာစကား ဆိုလာတဲ့ ဆိုးရှား

မန်ယူနဲ့တွေ့ပြီး ရှုံးနိမ့်သွားတဲ့နောက် ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ နူနိုနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှား က စာနာ စကား ဆိုလာခဲ့ပါတယ်။ မန်ယူနည်းပြ ဆိုးရှားကလည်း ရလဒ်တွေ ဆိုးနေတာကြောင့် စပါးနဲ့ ပွဲမှာ ရှုံးခဲ့ရင် ထုတ်ခံရတာက သူလည်း ဖြစ်သွားနိုင်ခဲ့ပါတယ်။

ဆိုးရှားက – “ လူကောင်းတွေ သူတို့ရဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ သတင်းတွေကို ကြားရတာ မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်က စပါးအသင်းရဲ့ အခြေအနေကို ကောင်းကောင်း မသိတဲ့ အတွက် ဒီသတင်းနဲ့ ပတ်သတ်ပြီး မှတ်ချက် မပေးချင်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက် တဦး အလုပ်ပြုတ်သွားတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီသား နည်းပြဖြစ်သူ နူနိုဆန်တိုဟာ ဝုဗ်အသင်းနဲ့ အတူ တောက်ပခဲ့တဲ့နောက် ဒီနှစ် ဘောလုံးရာသီ အစမှာ စပါးအသင်းကို စတင် ကိုင်တွယ်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲမှာ ၃ပွဲ အထိ ရှုံးနိမ့်ခဲ့သလို ကစားသမားတွေရဲ့ ထောက်ခံမှုကိုလည်း ဆုံးရှုံးခဲ့တာကြောင့် စပါးအသင်း ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

နူနိုဆန်တိုဟာ စပါးအသင်းကို ၄လသာ ကိုင်တွယ်ခွင့် ရခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ စပါးအသင်းဟာ ၁၇ပွဲ ကစားခဲ့ရာ နိုင်ပွဲ ၈ပွဲ ရခဲ့ကာ သရေ ၂ပွဲ ကျခဲ့ပြီး ၇ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါ ၁၇ပွဲမှာ စပါးအသင်းဟာ ၂၂ဂိုး သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၂၂ဂိုး အထိ ရှိခဲ့ပါတယ်။

စပါးအသင်းဟာ နူနို ကို ထုတ်ပယ်ပြီးနောက် မန်ယူ ချိတ်ထားတဲ့ ကွန်တီကို လက်ဦးမှုယူကာ ခေါ်ယူလိုက်ပြီး နည်းပြသစ် ခန့်လိုက်ပြီ ဖြစ်ပါတယ်။

ZG

မန္ယူနဲ႕ေတြ႔ျပီး ရံႈးနိမ့္သြားတဲ့ေနာက္ ထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပ ႏူနိုနဲ႕ ပတ္သတ္ျပီး ဆိုးလ္ရွား က စာနာ စကား ဆိုလာခဲ့ပါတယ္။ မန္ယူနည္းျပ ဆိုးရွားကလည္း ရလဒ္ေတြ ဆိုးေနတာေၾကာင့္ စပါးနဲ႕ ပြဲမွာ ရံႈးခဲ့ရင္ ထုတ္ခံရတာက သူလည္း ျဖစ္သြားနိုင္ခဲ့ပါတယ္။

ဆိုးရွားက – “ လူေကာင္းေတြ သူတို႔ရဲ႕ အလုပ္ကေန ထုတ္ပယ္ခံရတဲ့ သတင္းေတြကို ၾကားရတာ မေကာင္းပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က စပါးအသင္းရဲ႕ အေျခအေနကို ေကာင္းေကာင္း မသိတဲ့ အတြက္ ဒီသတင္းနဲ႔ ပတ္သတ္ၿပီး မွတ္ခ်က္ မေပးခ်င္ပါဘူး။ ဒါေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ တဦး အလုပ္ျပဳတ္သြားတဲ့ အေပၚ စိတ္မေကာင္း ျဖစ္မိပါတယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ေပၚတူဂီသား နည္းျပျဖစ္သူ ႏူႏိုဆန္တိုဟာ ဝုဗ္အသင္းနဲ႕ အတူ ေတာက္ပခဲ့တဲ့ေနာက္ ဒီနွစ္ ေဘာလုံးရာသီ အစမွာ စပါးအသင္းကို စတင္ ကိုင္တြယ္ခြင့္ ရရွိခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံး ကစားခဲ့တဲ့ ၄ပြဲမွာ ၃ပြဲ အထိ ရႈံးနိမ့္ခဲ့သလို ကစားသမားေတြရဲ႕ ေထာက္ခံမႈကိုလည္း ဆုံးရႈံးခဲ့တာေၾကာင့္ စပါးအသင္း ကေန ထုတ္ပယ္ခံခဲ့ရပါတယ္။

ႏူႏိုဆန္တိုဟာ စပါးအသင္းကို ၄လသာ ကိုင္တြယ္ခြင့္ ရခဲ့ၿပီး သူ႔ရဲ႕ လက္ထက္မွာ စပါးအသင္းဟာ ၁၇ပြဲ ကစားခဲ့ရာ ႏိုင္ပြဲ ၈ပြဲ ရခဲ့ကာ သေရ ၂ပြဲ က်ခဲ့ၿပီး ၇ပြဲ ရႈံးနိမ့္ခဲ့ပါတယ္။ အဆိုပါ ၁၇ပြဲမွာ စပါးအသင္းဟာ ၂၂ဂိုး သြင္းယူႏိုင္ခဲ့သလို ေပးဂိုးကလည္း ၂၂ဂိုး အထိ ရွိခဲ့ပါတယ္။

စပါးအသင္းဟာ ႏူနို ကို ထုတ္ပယ္ျပီးေနာက္ မန္ယူ ခ်ိတ္ထားတဲ့ ကြန္တီကို လက္ဦးမႈယူကာ ေခၚယူလိုက္ျပီး နည္းျပသစ္ ခန္႔လိုက္ျပီ ျဖစ္ပါတယ္။