ကွင်းလယ်ပစ်မှတ်၊ ဂန်းနားဖြစ်ချင်ခဲ့တဲ့ ဆွာရက်စ်၊ အကောင်းဆုံး ရွေးခံရသူများနဲ့ အာဆင်နယ် သတင်းတိုများ

နယူးကာဆယ်အသင်းဟာ အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အလေးအနက် ဆွေးနွေးနေပြီး စနေနေ့ပွဲမတိုင်ခင် ခန့်နိုင်ဖို့ ကြိုးစားနေပါတယ်။

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား အဆန်စီယိုကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့က ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။ အဆန်စီယိုကလည်း လာမဲ့အပြောင်းအရွှေ့မှာ ရီးရဲကနေ ထွက်ခွာလိုနေပါတယ်။

အက်သလက်တီကိုတိုက်စစ်မူှး ဆွာရက်ဇ်က သူ့အနေနဲ့ ၂၀၁၃ ခုနှစ်က လီဗာပူးကနေ ထွက်ခွာပြီး အာဆင်နယ်ကို ပြောင်းရွှေ့လိုခဲ့ကြောင်း၊ ထိုစဉ်က အာဆင်နယ်ဟာ ချန်ပီယံလိဂ် ပုံမှန် ကစားခွင့် ရနေတာကြောင့် ပြောင်းလိုခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

စီးရီးအေထိပ်သီးကလပ် အေစီမီလန် အသင်းဟာ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ တိုရီနိုတိုက်စစ်မူှး ဘီလော့တီကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဘီလော့တီအနေနဲ့ စီးရီးအေမှာသာ ဆက် ကစားလိုပြီး ပြင်ပထွက်ကစားလိုစိတ်မရှိတာကြောင့် အာဆင်နယ်အနေနဲ့ သူ့ကိုခေါ်နိုင်ဖို့ အခွင့်အရေး နည်းနေပါတယ်။

အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ဟာ အက်သလက်တီကိုကို ပြောင်းရွှေ့လိုနေကြောင်း စပိန် သတင်းဌာနက ဖော်ပြထားပါတယ်။ လာကာဇက်အနေနဲ့ အာဆင်နယ်ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး စပိန်မှာ ကစားသမားဘဝကို အဆုံးသတ်လိုနေကြောင်း သိရပါတယ်။

WhoScored က ရွေးချယ်တဲ့ အောက်တိုဘာလအတွက် တစ်လတာအကောင်းဆုံး အသင်းမှာ အာဆင်နယ် လူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ စမစ်ရို့စ်နဲ့ ဆာကာတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ZG

နယူးကာဆယ္အသင္းဟာ အာဆင္နယ္ နည္းျပေဟာင္း အူနိုင္း အမ္မရီကို နည္းျပသစ္ အျဖစ္ ခန္႔အပ္ဖို႔ အေလးအနက္ ေဆြးေႏြးေနျပီး စေနေန႔ပြဲမတိုင္ခင္ ခန္႔နိုင္ဖို႔ ၾကိဳးစားေနပါတယ္။

ရီးရဲမက္ဒရစ္ ကြင္းလယ္ကစားသမား အဆန္စီယုိကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့ လီဗာပူးနဲ႔ အာဆင္နယ္တုိ႔က ေခၚယူႏုိင္ဖုိ႔ အၿပိဳင္ႀကိဳးပမ္းေနၾကပါတယ္။ အဆန္စီယိုကလည္း လာမဲ့အေျပာင္းအေရႊ႕မွာ ရီးရဲကေန ထြက္ခြာလိုေနပါတယ္။

အက္သလက္တီကိုတိုက္စစ္မဴွး ဆြာရက္ဇ္က သူ႔အေနနဲ႔ ၂၀၁၃ ခုႏွစ္က လီဗာပူးကေန ထြက္ခြာၿပီး အာဆင္နယ္ကို ေျပာင္းေရႊ႕လိုခဲ့ေၾကာင္း၊ ထိုစဥ္က အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ ပံုမွန္ ကစားခြင့္ ရေနတာေၾကာင့္ ေျပာင္းလိုခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

စီးရီးေအထိပ္သီးကလပ္ ေအစီမီလန္ အသင္းဟာ အာဆင္နယ္ပစ္မွတ္ထားေနတဲ့ တုိရီႏိုတုိက္စစ္မဴွး ဘီေလာ့တီကို ေခၚယူဖို႔ အၿပိဳင္ႀကိဳးပမ္းလာခဲ့ၿပီ ျဖစ္ပါတယ္။ ဘီေလာ့တီအေနနဲ႔ စီးရီးေအမွာသာ ဆက္ ကစားလိုၿပီး ျပင္ပထြက္ကစားလိုစိတ္မရွိတာေၾကာင့္ အာဆင္နယ္အေနနဲ႔ သူ႔ကိုေခၚႏုိင္ဖုိ႔ အခြင့္အေရး နည္းေနပါတယ္။

အာဆင္နယ္တုိက္စစ္မဴွး လာကာဇက္ဟာ အက္သလက္တီကိုကို ေျပာင္းေရႊ႕လုိေနေၾကာင္း စပိန္ သတင္းဌာနက ေဖာ္ျပထားပါတယ္။ လာကာဇက္အေနနဲ႔ အာဆင္နယ္ရဲ႕ သက္တမ္းတိုး ကမ္းလွမ္းမႈကို ျငင္းဆန္ထားၿပီး စပိန္မွာ ကစားသမားဘ၀ကို အဆံုးသတ္လိုေနေၾကာင္း သိရပါတယ္။

WhoScored က ေရြးခ်ယ္တဲ့ ေအာက္တုိဘာလအတြက္ တစ္လတာအေကာင္းဆံုး အသင္းမွာ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ႏွစ္ဦးျဖစ္တဲ့ စမစ္ရို႕စ္နဲ႔ ဆာကာတို႔ ပါ၀င္ခဲ့ေၾကာင္း သိရပါတယ္။