ဘောလုံးလောကမှာ လူမုန်း အများဆုံး လို့ ပြောခံ ဝေဖန်ခံနေရပြီ ဖြစ်တဲ့ အာဂျင်တီးနား ဂိုးသမား မာတီနက်

ပြင်သစ်လက်ရွေးစင်ဟောင်း အဒီရာမီဟာ ကီလီယမ် အမ်ဘာပေကို မခံချင်အောင် ပြောတာတွေအပါအဝင် ကမ္ဘာ့ဖလားရသွားပြီးနောက် အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။

ပြင်သစ်ကို အနိုင်ရပြီး ကမ္ဘာ့ဖလားရသွားတဲ့ပြီးနောက် မာတီနက်ဟာ အောင်ပွဲခံရာမှာ ၂၃နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တဲ့အတွက် နာမည်ကြီးနေခဲ့တာပါ။

အမ်ဘာပေကို ဆန့်ကျင်တဲ့ ဟစ်ကြွေးမှုတွေကို ဦးဆောင်သီဆိုခဲ့သလို မာတီနက်ဟာ အာဂျင်တီးနားရဲ့ အောင်ပွဲခံ လှည့်လည်တဲ့ ဘတ်စ်ကားပေါ်မှာ အမ်ဘာပေ မျက်နှာတပ်ထားတဲ့ပုံကို ကိုင်ထားပြီး ဟာသလုပ် တိုက်ခိုက် ခဲ့ပါသေးတယ်။

ပြင်သစ် လက်ရွေးစင်ဟောင်း ရာမီက အဲ့ဒီ့အပြုအမူတွေပေါ် အင်စတာဂရမ်ကနေ ပြန်လည် ဝေဖန်ခဲ့ပါတယ်။

မာတီနက်ဇ်ဟာ “ဘောလုံးလောကမှာ အရိုင်းစိုင်းဆုံး ချီးထုပ်ကောင် ’လို့ ရာမီက အင်စတာဂရမ်မှာ ရေးသားခဲ့သလို ‘မုန်းစရာ အကောင်းဆုံး ဘောလုံးသမား’လို့ ခေါ်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ရဲ့ မသင့်မလျော် အောင်ပွဲခံမှုတွေ၊ ထိကပါး ရိကပါး စကားပြောတာတွေက ဂယက်ရိုက်စေခဲ့တာဖြစ်ပြီး သူ့ရဲ့ လုပ်ရပ်တွေအတွက် သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့တာပါ။

ရာမီဟာ ၂၀၁၀ကနေ ၂၀၁၈ အတွင်း ပြင်သစ်အသင်းအတွက် ၃၆ပွဲ ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား အောင်မြင်မှု အပြီး အနားယူသွားခဲ့တာပါ။

မာတီနက်ဇ်ကတော့ ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် အက်စ်တွန်ဗီလာကို ပြန်သွားရမှာဖြစ်ပေမယ့် ပွဲဆူစေတဲ့ လုပ်ရပ်တွေ၊ ရမ်းရမ်းကားကား ပြောဆိုမှုတွေရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ပြန် ဝေဖန်ခံရမှာတော့ အသေအချာပါပဲ။

မာတီနက်ဟာ အာဂျင်တီးနားနဲ့ လက်စွမ်းပြခဲ့တာကြောင့် မန်ယူနဲ့ ချယ်ဆီး အသင်းတို့က ပစ်မှတ်ထား ခြင်း ခံနေရတယ် လို့လည်း သတင်းထွက်နေပါတယ်။