ကမ္ဘာ့ အကောင်းဆုံး လူငယ် ကြယ်ပွင့်ကို ခေါ်ချင်တဲ့ ဥရောပအသင်းကြီးတွေ ပေါင် သန်း ၁ဝဝ ကျော် သုံးရဖွယ် ရှိနေ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ် ကို ခေါ်ယူဖို့ ဥရောပကလပ် အသင်းကြီးတွေက စိတ်ဝင်စားနေချိန်မှာ လီဗာပူးက ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘင်ဖီကာအသင်းဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဘင်ဖီကာအသင်းအနေနဲ့ သူတို့ရဲ့ကစားသမားကို စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၁၀၅ သန်းနဲ့မှ လက်လွှတ်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ဘင်ဖီကာအသင်း ဥက္ကဌ ရူအီကော်စတာ က အန်ဇိုဖာနန်ဒက်ဇ်ကို မဆုံးရှုံးလိုတာကြောင့် အခုလို ငြင်းပယ်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပမာဏမှာ လီဗာပူးနှင့် ယူနိုက်တက်တို့အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်နေပါတယ်။ လီဗာပူးဟာ နွေရာသီတုန်းက ဒါဝင်နူနက်ဇ်ကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၈၅သန်းဖြင့် ခေါ်ယူခဲ့ရတာဖြစ်ပြီး ယူနိုက်တက် မှာလည်း ပေါလ်ပေါ့ဘာကို ပေါင်၈၉သန်းဖြင့်ခေါ်ယူခဲ့တာပါ။

အသက် ၂၁သာ ရှိသေးတဲ့ အာဂျင်ကွင်းလယ်လူဟာ မန်စီးတီး၊ ယူနိုက်တက်၊ လီပါပူး၊ ဝုဗ်တို့နဲ့ သတင်းတွေ တောက်လျှောက် ထွက်နေတာပါ။

အန်ဇိုဖာနန်ဒက်ဇ်က အခုရာသီဘင်ဖီကာ အသင်းအတွက် ခြေစွမ်းပြကစားထားပါတယ်။ သူဟာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်မှ ဘင်ဖီကာဆီ လက်ငင်းပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း+ အပိုထပ်ဆောင်းဆုကြေး ယူရို ၈ သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။

Zawgyi

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံး လူငယ္ကစားသမားဆုကို ရရွိခဲ့တဲ့ အန္ဇိုဖာနန္ဒက္ဇ္ ကို ေခၚယူဖို႔ ဥေရာပကလပ္ အသင္းႀကီးေတြက စိတ္ဝင္စားေနခ်ိန္မွာ လီဗာပူးက ေပါင္ ၈၈ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ဘင္ဖီကာအသင္းဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ဘင္ဖီကာအသင္းအေနနဲ႔ သူတို႔ရဲ႕ကစားသမားကို စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၁၀၅ သန္းနဲ႔မွ လက္လႊတ္ဖြယ္ ရွိေနတယ္လို႔လည္း သိရပါတယ္။

ဘင္ဖီကာအသင္း ဥကၠဌ ႐ူအီေကာ္စတာ က အန္ဇိုဖာနန္ဒက္ဇ္ကို မဆုံးရႈံးလိုတာေၾကာင့္ အခုလို ျငင္းပယ္ေနရတာ ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါပမာဏမွာ လီဗာပူးႏွင့္ ယူႏိုက္တက္တို႔အတြက္ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးျဖစ္ေနပါတယ္။ လီဗာပူးဟာ ေႏြရာသီတုန္းက ဒါဝင္ႏူနက္ဇ္ကို ကလပ္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္၈၅သန္းျဖင့္ ေခၚယူခဲ့ရတာျဖစ္ၿပီး ယူႏိုက္တက္ မွာလည္း ေပါလ္ေပါ့ဘာကို ေပါင္၈၉သန္းျဖင့္ေခၚယူခဲ့တာပါ။

အသက္ ၂၁သာ ရွိေသးတဲ့ အာဂ်င္ကြင္းလယ္လူဟာ မန္စီးတီး၊ ယူႏိုက္တက္၊ လီပါပူး၊ ဝုဗ္တို႔နဲ႔ သတင္းေတြ ေတာက္ေလွ်ာက္ ထြက္ေနတာပါ။

အန္ဇိုဖာနန္ဒက္ဇ္က အခုရာသီဘင္ဖီကာ အသင္းအတြက္ ေျခစြမ္းျပကစားထားပါတယ္။ သူဟာ အာဂ်င္တီးနားကလပ္ ေရးဗားပလိတ္မွ ဘင္ဖီကာဆီ လက္ငင္းေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀ သန္း+ အပိုထပ္ေဆာင္းဆုေၾကး ယူ႐ို ၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တာပါ။