ရာဘီရော့နဲ့ သတင်းကြီးလာခြင်း၊ လူ ဝယ်ကို ဝယ်မယ့် အာတီတာ၊ လစာကြောင့် ကြာနေတဲ့ ဆီဒရစ်နဲ့ အာဆင်နယ် ထူးခြား သတင်းများ
ဆီဒရစ်ဟာ ဖူဟမ်အသင်းထံကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်လာခဲ့ပေမယ့် လစာတောင်းဆိုမှုကြောင့် အနည်းငယ် ကြံ့ကြာနေတယ်လို့ The Sun သတင်းစာက ဖော်ပြလာပါတယ်။
ဆီဒရစ်ဟာ တိုမီယာစု ရဲ့ အရန် ဖြစ်ခဲ့ပေမယ့် ဂျပန်သား မကစားနိုင်ချိန်မှာလဲ ကစားခွင့်မရပဲ ဘန်ဝှိုက်ကို နေရာလွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်က ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်မှာ ဖြစ်ကြောင်း နည်းပြ အာတီတာ က အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မာတင်နယ်လီရဲ့ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး မေးမြန်းခံရရာမှာတော့ အာတီတာက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ သတင်းထွက်ဖူးတဲ့ ဖာရန်တောရက်စ်နဲ့ ပတ်သတ်ပြီး နာမည်ကျော်သတင်းထောက် Dean Jones က အသင်းပြောင်းမယ် ဆိုရင် အာဆင်နယ်ကိုပဲ ရွေးသင့်ကြောင်း ရှင်းပြ တိုက်တွန်းခဲ့ပါတယ်။
ဂန်းနားတို့ဟာ တချိန်က လူငယ်ကစားသမားဟောင်းဖြစ်တဲ့ အေစီမီလန်ကွင်းလယ်လူ ဘန်နာဆာကို ပြန်လည် ခေါ်ယူနေတယ် လို့ အီတလီသတင်းစာ Corriere dello Sport က ဆိုပါတယ်။
ဘန်နာဆာဟာ အေစီ ပရိတ်သတ်အချစ်တော်ကစားသမားလဲဖြစ်သလို စွမ်းဆောင်ရည်ကောင်းတွေလဲ ပြသ ထားနိုင်သူဖြစ်ပါတယ်။ တန်ကြေးကတော့ ပေါင် ၄၄ သန်းခန့်ရှိမယ်လို့လည်း သတင်းများမှာ ဆက်စပ် ရေးသားနေကြပါတယ်။
အာဆင်နယ် အသင်းဟာ ဂျူဗီကွင်းလယ်လူ ရာဘီရော့ကို ဇန်နဝါရီမှာ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အီတလီ သတင်းတွေက ဆိုပါတယ်။ အဆိုပါ ၂၇ နှစ်သားကို ယခင်ကလည်း ခေါ်ယူလိုကြောင်းသတင်းထွက်ခဲ့ပြီး အခုတဖန် နာမည် ထွက်လာတာဖြစ်ပါတယ်။ ရာဘီရော့ကို စပါးအသင်းကလည်း ခေါ်ယူလိုနေပါတယ်။