ရီးရဲလ်၊ လီဗာပူး၊ မန်ယူ၊ မန်စီးတီးတို့ အပြိုင်လိုက်နေတဲ့ ဘယ်လင်ဂမ် က ဘယ်ကိုသွားသင့်သလဲ မိုက်ကယ်အိုဝင် အကြံပြု
ဥရောပ ထိပ်သီးကလပ်တွေရဲ့ အပြိုင် စိတ်ဝင်စားမှု ခံနေရတဲ့ ဒေါ့မွန်နဲ့ အင်္ဂလန် ကြယ်ပွင့်လေး ဂျုဒ် ဘယ်လင်ဂမ် အနေနဲ့ ပရီးမီးယားလိဂ် ဆီကိုသာ ပြောင်းရွှေ့လာသင့်ကြောင်း မိုက်ကယ် အိုဝင် ကတော့ အကြံပြု သွားခဲ့ပါတယ်။
ဂျုဒ် ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ် အသင်းမှ ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့နောက် 2၂ နှစ်ခွဲအချိန်တာ ကာလ အတွင်း အထူးတိုးတက်လာခဲ့ပြီး ဥရောပထိပ်သီး ကလပ်တွေရဲ့ အာရုံကို ဖမ်းစားထားနိုင်သူ ဖြစ်လာနိုင်ခဲ့ပါတယ်။
ဒီနှစ် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာပါ အင်္ဂလန်နဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့နောက် သူဟာ ဥရောပ ထိပ်သီး ကလပ်တွေ အပြိုင်လိုချင်နေကြတဲ့ ကစားသမားမျိုး ဖြစ်လာခဲ့ပါတယ်။

ဘယ်လင်ဂမ် ကို ခေါ်ချင်တဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်စီးတီး ၊ လီဗာပူး အသင်းတွေပါ ပါဝင်ခဲ့ကြသလို ရီးရဲလ် မက်ဒရစ် အသင်းကလည်း စိတ်ဝင်စား နေပါတယ်။
မိုက်ကယ်အိုဝင် က ဘယ်လင်ဂမ် အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး လိဂ် ဖြစ်တဲ့ ပရီးမီးယားလိဂ် ထံကိုသာ ပြောင်းလာသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
” သူ (ဘယ်လင်ဂမ်) ပရီးမီးယားလိဂ်ဆီ လာသင့်တယ်လို့ ကျွန်တော် ထင်မိတယ်။ သူဟာ ဂျာမဏီမှာ ကောင်းမွန်စွာ ကစားပြနိုင်ခဲ့ပါတယ်။ ဒီလို ဖြစ်နိုင်ဖို့ အတွက် သူဟာ ငယ်ရွယ်စဉ် ကတည်းက ဘာမင်ဂမ် မှ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့ရတယ်လေ ”
” သူဟာ ပွဲထွက် ကစားဖို့ အခွင့်အရေး ရနိုင်တဲ့ အသင်းမျိုးဆီ ပြောင်းလာခဲ့တာပါ။ ဒေါ့မွန် အသင်းကတော့ သူတို့လက်ထဲ ရောက်လာတဲ့ ကစားသမားကို အကောင်းဆုံး အရောင်တင်ပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်က အကြီးမားဆုံး နဲ့ အကောင်းဆုံး လိဂ်ပါ။ ”
” သူ့ကို ဘယ်အသင်းတွေ ခေါ်ဖို တတ်နိုင်သလဲ ဆိုတာက မေးခွန်းကောင်း တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ အများကြီးတော့ မရှိပါဘူ ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ပါရမီပိုင်း အရမ်းအရမ်းထူးကဲသူ၊ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်မယ့်သူပါပဲ ” လို့ အိုဝင် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။