မာတီနက်စ်ကို ရှင်းချင်နေတဲ့ ဗီလာ၊ မာတင်နယ်လီ စာချုပ်သစ်၊ ရိုက်စ်၊ ဘယ်လင်ဟမ်နဲ့ နောက်ဆုံးရ ထူးခြား အပြောင်းအရွှေ့ သတင်းများ

လီဗာပူးဟာ ဒေါ့မွန်နဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့က ပြိုင်ဘက်များခြင်းကြောင့်ကော၊ ပြောင်းရွှေ့ကြေး မြင့်မားခြင်းကြောင့်ပါ ခက်ခဲလွန်းတယ်လို့ ယုံကြည်နေတာကြောင့် အခြားသော ပစ်မှတ်တွေကို အာရုံစိုက်နေပါတယ်။

နယူးကာဆယ်ဟာ ဘရာဇီးကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်ကို တစ်ပတ်လုပ်ခ ပေါင်၂သိန်းတန် စာချုပ်သစ် သဘောတူညီမှု ရရှိဖို့ အခြေအနေ တိုးတက်လာနေပြီ ဖြစ်ပါတယ်။

အက်စတွန် ဗီလာ နည်းပြ အူနိုင်းအမ်မရီဟာ အားကစား စိတ်ဓါတ်ပိုင်း မေးခွန်းထုတ်ခံနေရတဲ့ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်နဲ့ အတူ ဆက် အလုပ်မလုပ်ချင်တော့ဘဲ နောက်လမှာ သူ့ကို ရောင်းချဖို့ စိတ်အားထက်သန်နေပါတယ်။

အာဆင်နယ်နဲ့ မာတင်နယ်လီကြား စာချုပ်သစ်ကိစ္စဟာ နောက်ဆုံးအဆင့်ထံ ရောက်နေပြီဖြစ်ပြီး လက်မှတ်ထိုးဖို့ တရားဝင် သဘောတူညီမှုတော့ မရသေးပါဘူး။

အက်စတွန် ဗီလာ အသင်းဟာ ၎င်းတို့အသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်သူ ဘရာဇီးကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ညိုကို ဇန်နဝါရီ ဈေးကွက်မှာ ရောင်းချချင်နေပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းနဲ့ စာချုပ်နောက်ဆုံး ၁၈ လထဲ ရောက်လာပြီဖြစ်လို ချယ်ဆီးဟာ အင်္ဂလန် ကွင်းလယ်လူကို ခေါ်ယူဖို့ အကောင်းဆုံး အနေအထား ရှိနေပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ ဂျာအိုဖီးလစ်ရဲ့ စာချုပ်အတွက် ဘဏ္ဍာရေးစည်းမျဉ်းပါ ကုန်ကျမှုတွေကို တဖက်က ခံပေးမယ်ဆိုရင် ၎င်းကို ပရီးမီးယားလိဂ် ကလပ်တစ်ခုထံ အငှားထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိပါတယ်။

စပိန်ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုဟာ နွေရာသီမှာ ချယ်ဆီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာထံ ရောက်ရှိလာခဲ့ပြီးနောက် ကလပ်မှာ စာချုပ်သက်တမ်းတိုး ထပ်တိုးဖို့ အလားအလာ ရှိနေပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီမှာ လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ ဂျော့စကို ဂဗာဒီယောကို ခေါ်ယူလိုတယ်ဆိုရင် ၎င်းအတွက် သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ခံစစ်မှူးဖြစ်တဲ့ထိ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရပါလိမ့်မယ်။

လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ်မတ်ဒီဆန်ကို ရောင်းချဖို့ မမျှော်လင့်ထားပါဘူး။

ဘင်ဖီကာဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မယ့် အာဂျင်တီးနား ဗဟိုနောက်ခံလူ နီကိုးလပ် အော်တာမန်ဒီကို ၂နှစ်စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေက တိုးတက်မှု မရှိခဲ့ပါဘူး။