မန်ယူက Top 4 အေးဆေးဝင်တဲ့ အပြင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးတယ် လို့ သုံးသပ်လိုက်သူ

ဂါဘရီရယ် အဘွန်လာဟောက မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိနေသေးတယ်လို့ အံအားသင့်ဖွယ် ပြောဆိုလိုက်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ဒုတိယနေရာက နယူးကာဆယ်နဲ့ ၄ မှတ်အကွာ တစ်ပွဲလျော့ ကစားထားခဲ့ပေမယ့် ထိပ်ဆုံးနေရာက အာဆင်နယ်နဲ့တော့ ၁၁ မှတ်ထိ ကွာဟနေတာကြောင့် အမှီလိုက်သွားရန် မလွယ်ကူလှပါဘူး။

လူတော်တော်များများ ကတော့ မန်ယူနိုက်တက်ဟာ လက်ရှိမှာ အရှိန်အဟုန်ကောင်းကို ရရှိနေတာကြောင့် top 4 ဝင်ခွင့် ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပေမယ့်လည်း အဘွန်လာဟောက ဒီထက် ပိုမို မျှော်လင့်ထားနေပါတယ်။

အဘွန်လာဟောက “ကျွန်တော် ကတော့ မန်ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ထက် ပိုမို မြင့်မားတဲ့ အရာကို စိန်ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် စိန်ခေါ်သွားသင့်တယ်လို့ ပြောချင်ပါတယ်။

ဒီအသင်းရဲ့ ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အခါ သူတို့ရဲ့ အင်အားကို ကြည့်လိုက်ပါ။ သူတို့မှာ ဒီဂီယာ၊ ဒါလော့ တို့လို ပုံစံကောင်း ရနေတဲ့ ကစားသမားတွေ အပြင် ဗာရန်း နဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ် တို့လို ကစားသမားတွေလည်း ရှိနေပါတယ်။

ဗာရန်းဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ဘာတွေ လုပ်ပြထားခဲ့သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ သူဟာ ပုံစံကောင်း ရနေတဲ့ အခါမှာ တကယ့် ထိပ်တန်း နောက်ခံလူ ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ လူ့ရှော ရှိနေပြီး ကွင်းလယ်မှာ ကတ်စမီရို ဘရူနိုဖာနန်ဒက်စ် နဲ့ အဲရစ်ဆင် တို့လို ကစားသမားတွေ ရှိနေပါတယ်။ သူတို့ဟာ ဖန်တီးမှုပိုင်းကို ကောင်းကောင်း လုပ်ပေးနိုင်တဲ့ သူတွေပါ။

တိုက်စစ်မှာ မားကပ်ရပ်ဖို့ဒ် ရှိနေပြီး အန်တိုနီ ကလည်း တကယ့် ထိပ်တန်း တောင်ပံ ကစားသမား ဖြစ်ပါတယ်။ အန်တိုနီဟာ အများကြီး လေ့လာသင်ယူ သွားရမှာပါ။ ဒါပေမယ့် သူဟာ အများကြီး ပိုကောင်းလာမယ့်သူပါ။

အဲဒီနောက် အထောင် တိုက်စစ်မှာ မာရှယ် ရှိနေပါတယ်။ ဒီကစားသမား ၁၁ ဦးနဲ့ သူတို့ဟာ top 4 ကိုတော့ သက်တောင့်သက်သာ ဝင်ခွင့် ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။