ပီလီ ကွယ်လွန်ခြင်း၊ ရှုပ်ထွေးနေတဲ့ အန်ဇို အခြေအနေ၊ ဆက်စီကျလာတဲ့ ကယ်ဗင်ဖိလစ် နဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ
အသက် ၈၂ နှစ်အရွယ်ရှိ ဘရာဇီးလ် ဂန္တဝင်ကစားသမားဟောင်းကြီး ပီလီ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ၎င်း တက်ရောက်နေတဲ့ ဆော်ပေါ်လိုရှိ ဆေးရုံက အတည်ပြုချက် ထုတ်ပြန်သွားခဲ့ပါတယ်။
ဘင်ဖီကာ အသင်းဥက္ကဌ ကော်စတာက အသင်းကြီးတိုင်း ချိတ်ဆက်နေတဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမား အန်ဇို ဖာနန်ဒက်စ်ရဲ့ တန်ကြေးကို ယူရို သန်း ၁၂၀ အထက် သက်မှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ဒါပေမယ့် ထိုသို့ သတ်မှတ်ပေးခြင်း မရှိကြောင်း ဘင်ဖီကာ ဘက်ကလည်း ကြေညာချက် ထုတ်ကာ ငြင်းဆန်ထားပြီး အန်ဇို ကို ရာသီကုန်ထိ ထိန်းထားဖို့ ဦးစားပေးမယ် လို့ ထိုစာမှာ ဖော်ပြထားပါတယ်။

အာဆင်နယ် အသင်း ကွင်းလယ်ကစားသမား ဇာခါက ရာသီကုန်အထိ လက်ရှိ ခြေစွမ်းကို ဆက်လက် ထိမ်းသိမ်း နိုင်ဖို့အတွက် ၎င်းတို့အသင်းမှာ အစီအစဉ်ကောင်းများစွာ ရေးဆွဲထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့ဖလားက ပြန်လာပြီးနောက် ဝိတ်တွေတက်၊ ဝလာခဲ့တဲ့ စီးတီး ကစားသမား ကယ်ဗင်ဖိလစ်ဟာ တကိုယ်တော့ လေ့ကျင့်ရေး ဆင်းကာ အပြင်းအထန် ကြိုးစားခဲ့ပြီးနောက် အခုဆို သူ့ဘော်ဒီက ဆက်စီတောင် ကျနေပြီ လို့ ပက် ဂွာဒီယိုလာက အရွှန်းဖောက်သွားပါတယ်။
လီဗာပူးလ် အသင်းနည်းပြ ကလော့ပ်ကတော့ ၎င်းတို့ရဲ့ တိုက်စစ်ကစားသမားသစ် ဂတ်ပိုဟာ ၃ ယောက်တန်း တိုက်စစ်ရဲ့ ဘယ်ဘက်အခြမ်း နေရာကနေ ပါဝင်ကစားသွားမှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ အန်ဆယ်လော့တီကတော့ မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် အဖြစ် ဘယ်တုန်းကမှ မသက်မှတ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အသင်းမှ ထွက်ခွါဖို့ ဆန္ဒရှိနေတဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သတင်းရရှိပါတယ်။