အန်ဇို ဖာနန်ဒက်ဇ်ကို မရရင် နောက်ထပ် ကမ္ဘာ့ဖလားကြယ်ပွင့်ဆီ ဦးလှည့်မယ့် ချဲလ်ဆီး အသင်း

ချဲလ်ဆီး အသင်းဟာ အခု ဇန်နဝါရီမှာ အန်ဇိုဖာနန်ဒက်ဇ်ကို မခေါ်နိုင်ခဲ့ရင် ဘရိုက်တန်ကြယ်ပွင့် မက် အယ်လစ်စတာဆီ ဦးလှည့်မယ် လို့ အင်္ဂလန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

လန်ဒန်ကလပ်ဟာ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးလူငယ် ကစားသမားဆုရခဲ့တဲ့ ဘင်ဖီကာကြယ်ပွင့်ကို စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် ၁၀၆ သန်းပေးဖို့အထိတောင် သဘောတူညီခဲ့တာပါ။

ဒီအပြောင်းအရွှေ့အတွက်လည်း အာဂျင်တီးနားလက်ရွေးစင်နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ဆွေးနွေးမှု လုပ်ထားပြီးပါပြီ။

ဒါပေမဲ့ ဘင်ဖီကာဘက်က ၂၁ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အပြည့်အဝ လက်ငင်း ချေပေးမှသာ ရောင်းချသွားမှာပါ။ အဲဒီလိုမှမဟုတ်ရင် ဘင်ဖီကာဟာ သူတို့ရဲ့ အဓိကကစားသမားကို ဆက် ထိန်းသွားဖို့ ရှိပါတယ်။

ချဲလ်ဆီးကတော့ အပြည့်အဝလက်ငင်းချေဖို့ထက် အရစ်ကျပေးဖို့သာ ဆန္ဒရှိတာပါ။ တကယ်လို့ အဆင်မပြေခဲ့ရင်တော့ ချဲလ်ဆီးဟာ ဖာနန်ဒက်ဇ်ရဲ့အာဂျင်တီးနားအသင်းဖော် မက်အယ်လစ်စတာကို ခေါ်ဖို့ စီစဉ်ထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်ပွဲမှာ ခြေစွမ်းပြနိုင်သူ တစ်ယောက်လည်း ဖြစ်ခဲ့တာပါ။

ဒါ့အပြင် မက်အယ်လစ်စတာဟာ ဘရိုက်တန်မှာ လက်ရှိ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ လက်အောက် တောက်ပ လာသူလည်း ဖြစ်ခဲ့ပါတယ်။ မက်အယ်လစ်စတာဟာ ဖာနန်ဒက်ဇ်ထက် အများကြီး ဈေးသက်သာသူလည်း ဖြစ်တာပါ။

Zawgyi – ခ်ဲလ္ဆီး အသင္းဟာ အခု ဇန္နဝါရီမွာ အန္ဇိုဖာနန္ဒက္ဇ္ကို မေခၚႏိုင္ခဲ့ရင္ ဘ႐ိုက္တန္ၾကယ္ပြင့္ မက္အယ္လစ္စတာဆီ ဦးလွည့္မယ္ လို႔ အဂၤလန္ကလာတဲ့ သတင္းေတြအရ သိရပါတယ္။

လန္ဒန္ကလပ္ဟာ ကမာၻ႔ဖလားရဲ႕အေကာင္းဆုံးလူငယ္ ကစားသမားဆုရခဲ့တဲ့ ဘင္ဖီကာၾကယ္ပြင့္ကို စာခ်ဳပ္ ဖ်က္သိမ္းေၾကးျဖစ္တဲ့ ေပါင္ ၁၀၆ သန္းေပးဖို႔အထိေတာင္ သေဘာတူညီခဲ့တာပါ။

ဒီအေျပာင္းအေ႐ႊ႕အတြက္လည္း အာဂ်င္တီးနားလက္ေ႐ြးစင္နဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြ ေဆြးေႏြးမႈလုပ္ထားၿပီးပါၿပီ။

ဒါေပမဲ့ ဘင္ဖီကာဘက္က ၂၁ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို အျပည့္အဝလက္ငင္းေခ်ေပးမွသာ ေရာင္းခ်သြားမွာပါ။ အဲဒီလိုမွမဟုတ္ရင္ ဘင္ဖီကာဟာ သူတို႔ရဲ႕ အဓိကကစားသမားကို ဆက္ထိန္းသြားဖို႔ ရွိပါတယ္။

ခ်ဲလ္ဆီးကေတာ့ အျပည့္အဝလက္ငင္းေခ်ဖို႔ထက္ အရစ္က်ေပးဖို႔သာ ဆႏၵရွိတာပါ။ တကယ္လို႔ အဆင္မေျပခဲ့ရင္ေတာ့ ခ်ဲလ္ဆီးဟာ ဖာနန္ဒက္ဇ္ရဲ႕အာဂ်င္တီးနားအသင္းေဖာ္ မက္အယ္လစ္စတာကို ေခၚဖို႔ စီစဥ္ထားပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဟာ အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေအာင္ပြဲမွာ ေျခစြမ္းျပႏိုင္သူ တစ္ေယာက္လည္း ျဖစ္ခဲ့တာပါ။

ဒါ့အျပင္ မက္အယ္လစ္စတာဟာ ဘ႐ိုက္တန္မွာ လက္ရွိ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာ လက္ေအာက္ ေတာက္ပ လာသူလည္း ျဖစ္ခဲ့ပါတယ္။ မက္အယ္လစ္စတာဟာ ဖာနန္ဒက္ဇ္ထက္ အမ်ားႀကီး ေဈးသက္သာသူလည္း ျဖစ္တာပါ။