ရာသီကုန်ထိ နားရတော့မယ့် သရဲနီ၊ အငှား တိုက်စစ်မှုး ဗက်ဟောက်စ်၊ မန်ယူကို မအံ့သြဘူး ဆိုတဲ့ ပက်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူ ရတော့မယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။

ယူနိုက်တက် ဟာ ဘန်လေ တိုက်စစ်မှူး ဗောက် ဗက်ဟောက်စ် ကို အငှားထွက် ကစားနေတဲ့ ဘက်ဆစ်တပ် အသင်း ထံကနေ စာချုပ် ဖျက်သိမ်းကြေး ယူရို ၂.၈ သန်း ကျော် ပေးချေကာ ရာသီကုန် အထိ အငှား ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ မန်ယူအသင်းရဲ့ လက်ရှိရာသီ ပြန်လည်တောက်ပလာမှုတွေအပေါ် အထူးတလည် အံ့အားသင့်ခြင်း မရှိကြောင်း ပွဲမတိုင်ခင် ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား ကာဆာမဲရိုးကတော့ ၎င်းအထင်ကြီးရတဲ့ နည်းပြတွေထဲ တန်ဟတ်ဂ်လည်း ပါဝင်နေကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ရီယို ဖာဒီနန် က လက်ရှိ နည်းပြ အပေါ် ချီးကျူးနေခဲ့ကြတဲ့သူတွေအား တန်ဟတ်ကို အကဲဖြတ်ဖို့ အချိန်စောသေးကြောင်း သတိပေးစကား ဆိုသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ စနေနေ့ည ၇ နာရီ အချိန်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အနိုင် ရရှိခဲ့ပါက အဆင့် ၃ နေရာကို တက်လှမ်းနိုင်မှာဖြစ်သလို မန်စီးတီးနဲ့ တစ်မှတ်အကွာ ရောက်သွားမှာပဲ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ် ဟာ မန်ယူကစားသမားဟောင်း၊ ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီပိုင်းက မန်ယူသို့ ပြန်လာချင်ဟန်လည်း ပြထားပါတယ်။

ရော်နယ်ဒိုကို Al Nassr အသင်း ခေါ်ယူခဲ့ပြီးတဲ့နောက် ဆောဒီကလပ်ဖြစ်တဲ့ Al-Hilal ဟာလည်း မက်ဆီကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ ဖခင်ဖြစ်သူနဲ့ စကားပြောနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကလပ် အများအပြားက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ တော်မီနေးကို ဇန်နဝါရီမှာ ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ ဘန်လေကနေ နယ်သာလန် တိုက်စစ်မှူး ဗက်ဟောက်စ်ကို အငှား ခေါ်ယူခဲ့ပြီဖြစ်ပေမယ့် စာချုပ်မှာတော့ ရာသီကုန် အပြီးသတ် ဝယ်ယူခွင့် ဆိုတဲ့ အချက် မပါဝင်ပါဘူး။

ဘရတ်ဖို့ဒ်နည်းပြ ဖရန့်ခ်ကတော့ ၎င်းတို့ရဲ့ အရံအသင်းအတွက် ခေါ်ယူလိုက်တဲ့ ရိုမီယို ဘက်ခမ်းဟာ သူ့ဖခင် မန်ယူကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရနိုင်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။