Latest

မန်ယူ၊ ရီးရဲလ်၊ ဘာစီလိုနာတို့ အပြိုင်ချိတ်နေတဲ့ ပြောင်းရွှေ့ကြေးလွတ် ဝါရင့် နောက်ခံလူ

မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်သီး အသင်း သုံးသင်းစလုံးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် လေဗာကူဆင် နောက်ခံလူ ဂျိုနသန် တာ့ချ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြပါတယ်။ တာ့ချ်ဟာ ထိပ်တန်းအဆင့်ရှိ နောက်ခံကစားသမား တစ်ယောက် ဖြစ်သလို အသင်းကြီးတိုင်းရဲ့ ချိတ်ဆက်မှုတွေ လက်ခံရရှိထားသူ တစ်ယောက် ဖြစ်ပြီး
Read More

နည်းပြ အမော်ရင် ကြောင့် ပြောင်းလဲသွားဖွယ် ရှိတဲ့ ကတ်စ်မဲရိုး ရဲ့ အနာဂတ်

နည်းပြ အမော်ရင်ရဲ့နေရာပြန်ပေးမှုနဲ့အတူ အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိ ဆက်ကစားသွားဖို့ရှိနေပါပြီ။ ကတ်စ်မဲရိုးဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် လာမဲ့နွေရာသီကျရင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ကတ်စ်မဲရိုးဟာ ခြေစွမ်းပြန်ပြနေပြီး ဘီလ်ဘာအိုနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာ ဂိုးသွင်းနိုင်ခဲ့သလို ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက
Read More

ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ရင် ရမယ့် ဆုကြေးထက် အရေးကြီးတဲ့ အရာ ရှိကြောင်း ရူဘင်အေမိုရမ် ပြောဆို

ရူဘင်အေမိုရမ်က ယူနိုက်တက်အတွက် ယူရိုပါလိဂ်ချန်ပီယံဖြစ်မှုကြောင့် ရရှိလာမဲ့ ငွေကြေး အကျိုးအမြတ်ထက် ယုံကြည်မှုက ပိုမို အရေးကြီးကြောင်း ပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ ကြာသပတေးနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဘီလ်ဘာအိုကို ၄-၁ ဖြင့် ထပ်မံ အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၇-၁ ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးစ်နှ့င့် ရင်ဆိုင်ကစားရပါမယ်။
Read More

ဘက်ခမ်းနဲ့ နှိုင်းခံရအောင် အစွမ်းပြသွားတဲ့ မေဆန်မောင့်နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ထိုက်ထိုက်တန်တန် တက်သွားတဲ့ ယူနိုက်တက်

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘီဘာအိုကို ၄-၁ နဲ့ ထပ်မံအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၇-၁ နဲ့ ဖိုင်နယ်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘီဘာအိုက ပွဲချိန် ၃၁ မိနစ်မှာ အရင် ဦးဆောင်ဂိုး သွင်းခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ လူစားလဲမှုတွေ
Read More

စီ ရော်နယ်ဒိုရဲ့စံချိန်ကို ရိုက်ချိုးနိုင်မဲ့ အခွင့်အရေး ရှိနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဂါနာချို

အလီဂျန်ဒရိုဂါနာချိုက မန်ချက်စတာယူနိုက်တက်တွင် ဆက်ကစားသွားမယ်လို့ ပြောကြားလာပါတယ်။ အာဂျင်တီးနားပါရမီရှင်တိုက်စစ်သမားဟာ ယခုရာသီတွင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်တစ်ခုကို ရိုက်ချိုးနိုင်မဲ့ အခွင့်အရေး ရရှိထားသူလည်း ဖြစ်ပါတယ်။ သူဟာ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် နှိုင်းယှဉ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ပေါ်တူဂီစူပါစတားရဲ့စံချိန်များထဲမှ တစ်ခုကို ရိုက်ချိုးနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားတာပါ။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရော်နယ်ဒိုရဲ့ ဖန်တီးမှုဖြင့် ယူနိုက်တက်အတွက် ပထမဆုံးဂိုးအား သွင်းယူနိုင်ခဲ့တဲ့
Read More

ဆော်ဒီဘက်က စိတ်ဝင်စားခံနေရတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သတ်ပြီး ရူဘင်အေမိုရမ် သဘောထား

ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်က ဆော်ဒီမှ စိတ်ဝင်စားခြင်းခံနေရတဲ့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်အား အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ပြောကြားလာပါတယ်။ ဖာနန်ဒက်စ်ရဲ့ လက်ရှိ စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင်မှ ကုန်ဆုံးမှာ ဖြစ်ပေမဲ့လည်း ဆော်ဒီထိပ်သီး Al Hilal ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။ Al Hilal ဟာ ဘရူနိုဖာနန်ဒက်စ်ကို လာမယ့်လ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ မက်လောက်စရာလုပ်ခဖြင့် ကမ်းလှမ်းလာဖို့
Read More

ဘက်တစ်က အပြီးမဝယ်ခဲ့ရင် အန်တိုနီ အတွက် ပလန်ဘီ စီစဉ်ထားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ရီးယဲလ် ဘက်တစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီအတွက် နွေရာသီ အပြောင်းအရွှေ့ကာလမှာ Plan B တစ်ခု စဉ်းစားထားနေပြီလို့ သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ယူနိုက်တက် အသင်းကနေ အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့အတူ ရာသီကုန်အထိ အငှားစာချုပ်နဲ့
Read More

မန်ယူနဲ့ စပါးတို့ ဖိုင်နယ်တက်ဖို့ များနေချိန်ကျမှ UEFA စည်းမျဉ်းပြောင်းဖို့ တိုက်တွန်းနေတဲ့ အာဆင်ဝင်းဂါး

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ဖြစ်ဖို့ များနေချိန်မှာ အာဆင်နယ် ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးက UEFA ကို ချန်ပီယံလိဂ် ဝင်ခွင့်စည်းမျဉ်းနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ၂၀၂၅ ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ အင်္ဂလိပ်အသင်း ၂ သင်းကြား တိုက်ပွဲဖြစ်လာဖို့များနေပြီး မန်ယူနိုက်တက်နဲ့ စပါးစ်တို့ ၂ သင်းစလုံးက အမှတ်ပေးဇယား
Read More

ယူနိုက်တက်က ပြိုင်ပွဲကြီး ၂ ခု လုံးမှာ အစွမ်းပြဖို့ အသင့် မဖြစ်သေးကြောင်း နည်းပြ အမော်ရင် ပြောဆို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲများမှာ ကွဲပြားသော ခြေစွမ်းများ ပြသနေခဲ့ပြီး အသင်းနည်းပြ ရူဘင် အမော်ရင်ကတော့ သူ့အသင်းဟာ ပြိုင်ပွဲနှစ်ခုစလုံးမှာ ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အမော်ရင်က သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ချန်ပီယံလိဂ် တာဝန်များကိုပါ ထမ်းဆောင်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း သတိပေးလိုက်ပါတယ်။ မန်ယူနိုက်တက်ဟာ
Read More

ယူရိုပါလိဂ်ပဲ တွေးနေတဲ့ ယူနိုက်တက်တို့ သမိုင်း စံချိန်တင် ပရီးမီးယားလိဂ် ရမှတ်နဲ့ ဇာတ်သိမ်းဖို့ နီးကပ်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ဘရန့်ဖို့ဒ် အသင်းကို ၄-၃ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ယူရိုပါလိဂ်ပွဲရှိလို့ အဓိက ကစားသမားတချို့ကို အမော်ရင် အနားပေးခဲ့ပြီး အခုပွဲမှာ ယူနိုက်တက်အသင်း ပွဲထွက်ကစားသမားတွေရဲ့ ပျမ်းမျှအသက်က ၂၂ နှစ် ၂၀၇ ရက်သာရှိလို့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံး ပွဲထွက်လူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့
Read More