Latest
ရှိတ်ဂျာဆင်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဂလေဇာမိသားစုထံကနေ ခေါ်ယူရေးအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကာတာဘဏ်လုပ်ငန်းရှင်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဒေါ်လာ၆ဘီလီယံကျော်အထိပေးကာ ကမ်းလှမ်းခဲ့ပေမယ့် ဂလေဇာမိသားစုက လက်ခံခဲ့ခြင်းမရှိပါဘူး။ ဂလေဇာတွေဟာ ၂၀၀၅ခုနှစ်က ယူနိုက်တက်ကို ဒေါ်လာ ၉၅၈သန်းနဲ့ ဝယ်ယူခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ အသင်းကို ရောင်းချဖို့ စဉ်းစားနေကြောင်း အတည်ပြုခဲ့ပါတယ်။ တစ်နှစ်နီးပါး
Read More
မန်ချက်စတာ ယူနိုက်တက်မှာ နောက်ခံလူ မက်ဂွိုင်းရားပါဝင်တဲ့ ပွဲတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေနဲ့ ဆန်းစစ်ခဲ့ရာမှာ မက်ဂွိုင်းရားပါဝင်တဲ့ပွဲတွေက နိုင်ပွဲ ရတာ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ထူးထူးခြားခြား တွေ့ရှိခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ တန်ဟက်ခ်လက်ထက်မှာ ပုံမှန်နေရာပျောက်ဆုံးနေပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ဆုံးရှုံးခဲ့ရတာပါ။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင် နောက်ခံလူက အသင်းမှာပဲ ဆက်နေပြီး ပုံမှန်တစ်နေရာအတွက် တိုက်ပွဲဝင်နေပါတယ်။ ဒါ့အပြင်
Read More
မန်ယူအသင်း အရောင်းအဝယ်ကိစ္စအပေါ် ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကို အပြည့်အ၀ တန်ဖိုးထား အသိအမှတ်ပြု ပေမဲ့လည်း တစ်ဖက်မှာ လုပ်ရကိုင်ရ တဲ့ ကိစ္စတွေက ထင်သလောက် မလွယ်ကူတာမျိုး ရှိနေတယ်လို့ အမှုဆောင် အရာရှိချုပ် ရစ်ချတ်အာနိုးက ပြောပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒပြတောင်း ဆိုမှုတွေကြောင့် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အိုးလ်ထရက်ဖို့ဒ် အခြေစိုက် ကလပ်
Read More
ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အိုလ်လီက ဖော်ပြလာပါတယ်။ ယူနိုက်တက်နည်းပြဟောင်း မိုရက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၇ နေရာကို
Read More
မန်ချက်စတာယူနိုက်တက် နည်းပြတွေဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းကိုရောက်ရှိလာပြီး ၁၁ ပွဲကစားထားကာ အမှားအယွင်း များစွာကျူးလွန်ထားတဲ့ ဂိုးသမားသစ် အန်ဒရေအိုနာနာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာအားနည်းချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဂန္ထဝင်ဂိုးသမား ဒေးဗစ်ဒီဂီယာနေရာမှာ
Read More
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်က ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ အနိုင်ယူပြီး နိုင်ငံတကာပွဲစဉ်များ ကျင်းပတဲ့ ကာလကို ရလဒ်ကောင်းနဲ့ ဖြတ်သန်းနိုင်ခဲ့တဲ့ အတွက် မန်ယူ အသင်းဟာ မကြာမီမှာပဲ ပုံစံကောင်းရရှိလာမယ်လို့ ယုံကြည်နေပါတယ်။ ထိုပွဲစဉ်မှာ လူစားဝင်လာခဲ့တဲ့ ကွင်းလယ်ကစားသမားတိုမီနေးက နောက်ကျဂိုး ၂ ဂိုးကို ဆက်တိုက် သွင်းယူနိုင်ခဲ့ တာကြောင့် ယူနိုက်တက်တို့ဟာ
Read More
မန်ချက်စတာ ယူနိုက်တက်ဟာ ဂီတာဖေးထံ အငှားချထားတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို လက်ရှိ အငှား စာချုပ်ကုန်ချိန်မှာ ကလပ် အသင်း လူစာရင်းထဲ ပြန်ထည့်ဖွယ် ရှိနေဆဲလို့ သိရပါတယ်။ ဂါးဒီးယန်း သတင်းရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အသင်းရဲ့ ရေရှည် ပလန်ကနေ ဖယ်ထုတ်လိုက်ဖို့ ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ တကယ်တမ်းမှာ
Read More
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ်၊ နွေရာသီကျရင် လက်ရှိ စာချုပ် ကုန်ဆုံးတော့မယ့် တိုက်စစ် ကစားသမား မာရှယ် အား စာချုပ်သစ် ထပ်ချုပ်ရမလား စဉ်းစားနေရပြီ ဖြစ်ပါတယ်။ နည်းပြ တန်ဟက် ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ အစပိုင်းမှာပဲ ရလဒ်ဆိုးတွေနဲ့ ရုန်းကန် နေရသလို ပရီးမီးယားလိဂ် ၈ ပွဲကစား ၄ ပွဲသာ
Read More
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကို အခုချိန်ထိ ပြန်တောင်းပန်ခြင်း မရှိသေးတဲ့ ဆန်ချိုဟာ လာမယ့် ဇန်နဝါရီမှာ မန်ယူက ထွက်ဖို့ များနေပါတယ်။ ဆန်ချို ကိုယ်တိုင်ကလည်း အသင်းဟောင်း ဒေါ့မွန်နဲ့ အခုထိ အဆက်သွယ် ရှိနေပြီး ဂျာမနီ ပြန်သွားလိုနေပါတယ်။ အဲဒါကြောင့်လည်း ယူနိုက်တက်ဟာ ဆန်ချိုနေရာအစားထိုးဖို့ ပစ်မှတ် ရှာဖွေနေပြီ
Read More
မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဟွိုက်လန်းက သူ့ရဲ့ အသင်းဖော်သစ် မားကပ် ရက်ဖို့ဒ်ဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။ ယူနိုက်တက် တိုက်စစ်မှုး နှစ်ဦးက အတော် ရင်းနှီးနေပုံရပြီး အချင်းချင်း ဖေးမမှုတွေ ရှိနေပါတယ်။ ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက်
Read More