Latest

မန်ယူ ပွဲထွက် လူစာရင်း ပေါက်ကြားမှုအတွက် နည်းပြ အေမိုရင် စိတ်ပျ-က်၊ အသင်းတွင်း စုံစမ်းစစ်ဆေးရေများ ပြုလုပ်နေ

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ အတွင်း သတင်းပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။ ဒါဘီပွဲသူရဲကောင်းအေမက်ဒီရယ်လိုနှင့် ယင်းပွဲတွင် ချန်လှပ်ခံရတဲ့ အလီဂျန်ဒရိုဂါနာချိုတို့ဟာလည်း နည်းပြသစ်ရူဘင်အေမိုရင်ရဲ့ စုံစမ်းစစ်ဆေးခြင်းခံရသူတွေထဲမှာ ပါဝင်ပါတယ်။ ယူနိုက်တက်ပွဲထွက်လူစာရင်းမှာ မန်ချက်စတာဒါဘီပွဲမတိုင်မီ ညကတည်းက ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လူစာရင်းပေါက်ကြားမှု ဖြစ်ခဲ့ပေမဲ့လည်း မန်စီးတီးကို နောက်ကလိုက်ကစားကာ နောက်ဆုံးမိနစ်ဂိုးတွေဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်
Read More

မန်ချက်စတာဒါဘီမှာ ဟီးရိုး ဖြစ်ခဲ့တဲ့ အာမက် နဲ့ ပတ်သတ်ပြီး သရဲနီဟောင်းကြီး ရွိုင်ကိန်း စိုးရိ-မ်မှု ရှိနေ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက အာမက် ဒီရယ်လိုနဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အရာအချို့ရှိတယ်လို့ ဆိုခဲ့ပြီး မန်ချက်စတာဒါဘီမှာ သူရဲကောင်းဖြစ်ခဲ့ပြီးနောက် အောက်ခြေမလွတ်သွားဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အာမက် ဒီရယ်လိုဟာ အစ်တီဟတ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိအောင် နောက်ကျအနိုင်ဂိုးနဲ့ ကူညီပေးခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ချေပဂိုးဖြစ်လာမယ့် ပင်နယ်တီကိုလည်း ရယူပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲစဉ် မိနစ် ၉၀
Read More

ဖာဂီ ခေတ်တုန်းကလို ၃ မိနစ် မန်ယူ ပြန်လာပြီ လို့ ဂုဏ်ယူစွာ ဆိုလိုက်တဲ့ ယူနိုက်တက် နည်းပြ အမ်မိုရင်း

ညက အီတီဟက်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို နောက်ကျ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရတဲ့နောက် ယူနိုက်တက် နည်းပြအမ်မိုရင်းက ကျေနပ် ဂုဏ်ယူနေခဲ့ပါတယ်။ မန်စီးတီးတို့ ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ဒုတိယပိုင်း ပြီးခါနီး မိနစ်တွေမှ ယူနိုက်တက်ဘက်က ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းခဲ့တာပါ။ အမ်မိုရင်းကတော့
Read More

ဂါနာချိုနဲ့ ရက်ဖို့ဒ် ကို အရန်မှာတောင် မထည့်ဘဲ ချန်လှပ်ခဲ့တဲ့ ကိစ္စ စကားလှလှလေးတွေနဲ့ ဖြေရှင်းလာတဲ့ အေမိုရမ်

ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်ဟာ မနေ့ညတုန်း အီတီဟတ်ကွင်းသို့ သွားရောက် ကစားတဲ့ မန်စီးတီးနှင့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် လူစာရင်းတွင် အလီဂျန်ဒရို ဂါနာချိုနှင့် မားကပ်စ်ရက်ဖို့ဒ်အား ချန်လှပ်ထားခဲ့ပါတယ်။ အေမိုရမ်ဟာ ၎င်းတို့နှစ်ဦးအား ပွဲထွက်လူစာရင်းတွင် မထည့်သွင်းသလို အရန်စာရင်းမှာလည်း ထည့်သွင်းထားခြင်း မရှိပါဘူး။ ယူနိုက်တက်ဟာ မေဆင်မောင့်၊ အေမက်ဒီရယ်လို၊ ဟွိုင်းလန်းတို့နှင့် ပွဲထွက်လာပြီး အန်တိုနီ၊ ဂျိုရှာဇတ်ဇီးတို့အား အရန်စာရင်းထဲမှာ
Read More

အာမက် ဒီယာလို ဖန်တီးခဲ့တဲ့ ပွဲ အလှည့်အပြောင်းနဲ့ အတူ မန်ချက်စတာဒါဘီ Come Back နိုင်ပွဲကောင်း ရသွားတဲ့ ယူနိုက်တက်

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီပွဲကတော့ အာမက် ဒီယာလိုရဲ့ မိနစ်ပိုင်းအတွင်း မယုံနိုင်လောက်စရာ အလှည့် အပြောင်းတွေနဲ့အတူ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့ပါတယ်။ နည်းပြ အမော်ရင်ဟာ အခုပွဲမှာ ခံစစ်ပိုင်းကို အဓိကထား ပြင်ဆင်ခဲ့ပြီး Centre Back ၃ ဦးအဖြစ် မက်ဂွိုင်းယား၊ ဒီလိဂ်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကို တွဲဖက်အသုံးပြုခဲ့သလို မက်ဇ်ယောင်အီ၊ ဒါလော့တို့နဲ့
Read More

ဒီည မန်ချက်စတာ ဒါဘီပွဲမှာ အမော်ရင်နဲ့ မန်ချက်စတာ ယူနိုက်တက် နိုင်ပွဲ ရနိုင်မလား ..

ဒီညမှာ ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မန်ချက်စတာ ဒါဘီပွဲ အဖြစ် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။ အခုလောလောဆယ် မန်ချက်စတာမြို့ခံနှစ်သင်းစလုံးဟာ တူညီတဲ့ ကြမ္မာဆိုးနဲ့ရင်ဆိုင်နေရပြီး မန်စီးတီးအသင်းက ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့သလို ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။ တကယ်လို့ ဒီညပွဲမှာသာ ယူနိုက်တက်တို့
Read More

မန်ယူကြယ်ပွင့်ဟောင်း ပေါ့ဘာက မထင်မှတ်ဘဲ မန်စီးတီးအသင်းထံ ရောက်ရှိသွားနိုင်ဖွယ် ရှိလာ

မန်စီးတီးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အားနည်းနေတဲ့ ကွင်းလယ်အား မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ်ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူအားဖြည့်ရန် မထင်မှတ်ဘဲ စီစဉ်နေပါတယ်။ ပေါလ်ပေါ့ဘာဟာ တားမြစ်ဆေးဝါးသုံးစွဲမှုအယူခံအောင်မြင်ပြီးနောက် ၁၈ လပွဲပယ်သာ ခံရမှုနှင့်အတူ လာမယ့် မတ်လတွင် ပြန်လည်ကစားလာနိုင်ပါမယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပွဲပယ်ခံရပြီးနောက် ဂျူဗင်တပ်ရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီး ကလပ်လက်မဲ့
Read More

စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ ဒီည မန်ချက်စတာ ဒါဘီပွဲအတွက် ဘီဘီစီ ခရစ်ဆက်တန် သုံးသပ်ခန့်မှန်းချက်

မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ဟာ ဒီည ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ဒါဘီ ပွဲကောင်း အဖြစ် ထိပ်တိုက်တွေ့နေပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ တနင်္ဂနွေနေ့ ည ၁၁ နာရီ၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ မန်ချက်စတာ ဒါဘီပွဲ
Read More

အကောင်းဆုံး ဂိုးကာကွယ်မှု ဆုရ အိုနာနာ၊ နောက်နှစ် ရောက်လာမယ့် ဘယ်နောက်ခံလူသစ်၊ ဘရူနိုရဲ့ ပါဝင်မှုနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တ် ဂိုးသမား အိုနာနာ ဟာ အစ်ဆွစ်ချ်တောင်းအသင်းနဲ့ ပွဲက ဂိုးပေါက် ကာကွယ်မှု အတွက် ပရီးမီးယားလိဂ်ရဲ့ နိုဝင်ဘာလ အကောင်းဆုံး ကာကွယ်မှု – Save Of The Match ဆုကို ရရှိခဲ့သွားခဲ့ပါတယ်။ အိုနာနာ က အခုလို Save Of The Match ဆုကို
Read More

စီးတီးကို ဒီအချိန်တွေ့ရတာ ကောင်းလားနဲ့ ဘယ်လိုပြိုင်ဘက်လဲ ဆိုတာ မန်ချက်စတာဒါဘီပွဲကြိုမှာ အမ်မိုရင်း ဖြေကြား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းက မန်ချက်စတာဒါဘီပွဲ အတွက် အလေးအနက် ရှိကြောင်းနဲ့ စီးတီးနဲ့ ဒီအချိန် တွေ့ရတာ အကောင်းဆုံးလား မစဉ်းစားဘူးဆိုတဲ့ အကြောင်းတွေ ပွဲကြိုမှာ ဖြေကြားလာခဲ့ပါတယ်။ ပေါ်တူဂီသားဟာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အစွန်းလွတ်အောင် ပါးပါးနပ်နပ် ပြောဆိုတတ်တာကိုတော့ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ” ခုချိန်က မန်စီးတီးနဲ့
Read More