Latest

မန်ယူ ပရိသတ်တွေ တန်ဟက်ကို ပြောချင်နေတဲ့ စကားလုံးတွေ အတိုင်း ကိုယ်စား ပြောချပေးသွားတဲ့ ရှရင်ဂရမ်

လက်ရှိ နည်းပြ အဲရစ်တန်ဟက် ဟာ ယူနိုက်တက်ကို ကိုင်တွယ်နိုင်တဲ့ ကောင်းမွန်တဲ့ နည်းပြကောင်းမျိုးမဟုတ်ကြောင်းနှင့် ခရစ္စမတ်မတိုင်မီ ထုတ်ပယ်ခြင်းခံလာရလိမ့်မယ်လို့ ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး တက်ဒီ ရှရင်ဂမ်က ဟောကိန်းထုတ်လာပါတယ်။ အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ပြီးနောက် ယူနိုက်တက်ရဲ့ ၂ နှစ်စာချုပ်သစ်
Read More

ယူရိုပါလိဂ် ကန်မယ့် မန်ယူ လူစာရင်း တင်သွင်း၊ တစ်နှစ်ကျော်ကြာ မကစားရတဲ့ အသင်းသားလည်း ပါဝင်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ပါဝင် ကစားမယ့် အသင်းရဲ့ ၂၅ ဦးလူစာရင်းကို တင်သွင်းခဲ့ရာမှာ ၁၅ လကြာ ပွဲကစားလာနိုင်ခြင်း မရှိတဲ့ အမေ့ခံ ဘယ်နောက်ခံလူ တိုင်ရဲလ် မာလာစီယာကိုလည်း ထည့်သွင်းလာပါတယ်။ အဲရစ်တန်ဟက်ဟာ ကြာသပတေးနေ့တုန်းက ယူရိုပါလိဂ်လူစာရင်းကို တင်သွင်းရာတွင် ယူနိုက်တက်စတားအားလုံးကို ထည့်သွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ ငယ်မွေးခြံပေါက် ကစားသမားများ ဖြစ်ကြတဲ့
Read More

မန်ယူ ကြယ်ပွင့် နှစ်ဦး ပါဝင်နေတဲ့ ကမ္ဘာ့အကောင်းဆုံး အသက် ၂၁ နှစ်အောက် ကစားသမားဆု Kopa Trophy Award ဆန်ကာတင်စာရင်း

မန်ချက်စတာ ယူနိုက်တက် ရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုတို့ဟာ Ballon d’Or ဆုပေးပွဲတွင်ပင် ချီးမြှင့်လာမဲ့ Kopa Trophy Award အတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာပါတယ်။ Kopa Trophy ဆုကို ၂၀၁၈ ခုနှစ်တွင် စတင်ချီးမြှင့်လာတာ ဖြစ်ပြီး အသက် ၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု
Read More

ရောင်းမစွံ ဖြစ်သွားတဲ့ အသင်းသားကို မန်ချက်စတာ ယူနိုက်တက် က နှစ်နေရာမှာ ထည့် သုံးဖို့ ပြောင်းလဲ စီစဉ်

ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမား အရောင်းစာရင်းမှာ နောက်ခံလူ လင်ဒီလော့ဖ်ကို ထည့်သွင်းခဲ့ပေမယ့် ၎င်းကို စိတ်ဝင်စားတဲ့ ကလပ် မရှိတာကြောင့် အသင်းမှာ ဆက်ထိန်းထားခဲ့ရပါတယ်။ ရောင်းမစွံတဲ့ ဆွီဒင်သားကို အစွန် နောက်ခံလူ အဖြစ် အရန် ဆက်ထားထားဖို့သာ ယူနိုက်တက်တို့ ရွေးစရာ ရှိခဲ့တာပါ။ လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ရာသီက ဘယ်နောက်ခံလူ
Read More

ဘရူနို ဝန်ခံမှု၊ တန်ဟက်ဘက်က အားပေးတဲ့ အကြီးအကဲ ၂ဦး၊ အူဂါတီရဲ့ စကား နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ယူအသင်း ကွင်းလယ် ကစားသမားသစ် အူဂါတီကတော့ အသင်းရဲ့ တာဝန်တွေကို ကူညီထမ်းဆောင်ပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူတို့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဂရိကလပ် အေအီးကေအေသင်ဟာ မန်ယူ တိုက်စစ်မှုးဟောင်း အန်တိုနီ မာရှယ်အား ကလပ်သမိုင်းတွင်
Read More

အာဆင်နယ်ထံမှ နောက်ထပ် အကယ်ဒမီကြယ်ပွင့်ကို ခေါ်ယူလိုက်ပြန်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် ထံမှ နောက်ထပ် အကယ်ဒမီ ကြယ်ပွင့် ကစားသမားလေး တစ်ဦး ထပ်မံ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂိုးသမား ဟူးဗတ်ဟာ အလားအလာ ကောင်းတွေ ရှိသူ ဖြစ်ပြီး နွေမှာ အာဆင်နယ်နဲ့ စာချုပ်ကုန်ခဲ့တာဖြစ်ကာ သက်တမ်းမတိုးဘဲ အလွတ်ဖြင့် ထွက်ခွာသွားတာပါ။ သူ့ကို
Read More

မန်ယူ တိုက်စစ်မှုးဟောင်း မာရှယ် ကို သမိုင်းနဲ့ချီ အများဆုံး လုပ်ခနဲ့ ကမ်းလှမ်းထားတဲ့ ကလပ်အသင်း

ဂရိကလပ် AEK အေသင် အသင်းဟာ ယူနိုက်တက်ကနေ ထွက်ခွာထားတဲ့ တိုက်စစ်မှုး အန်တိုနီမာရှယ်အား ကလပ်သမိုင်းတွင် အကြီးမားဆုံးလုပ်ခဖြင့် စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်တွင် ၁၀ နှစ်ကြာ ကစားပြီးနောက် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်မှ ထွက်ခွာလာပြီး
Read More

ဘရူနိုဖာနန်ဒက်စ်ကို မန်ယူ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားသင့်ပြီလို့ တိုက်တွန်းလိုက်တဲ့ နာမည်ကြီး နည်းပြဟောင်း

နည်းပြ အဲရစ်တန်ဟက် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားသင့်နေပြီလို့ ပရီးမီးယားလိဂ် နာမည်ကြီး နည်းပြဟောင်း အလန်ပါဂျူးက တိုက်တွန်းလိုက်ပါတယ်။ အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားနေရာမှာ ဘရူနိုဖာနန်ဒက်စ်ကို အစားထိုးခန့်အပ်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ အသင်းခေါင်းဆောင်စွမ်းရည်အပေါ် ဝေဖန်သံတွေထွက်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးလ်ကို ၃-၀ ဂိုးနဲ့ရှုံးတဲ့
Read More

ရပ်ရှ်ဖို့ဒ် မန်ယူကနေ ထွက်ပြီး ကစားသမားဘဝ အဖတ်ပြန်ဆယ်ဖို့ တိုက်တွန်းလိုက်တဲ့ သရဲနီဟောင်းကြီး

တိုက်စစ်မှုး မားကပ် ရပ်ရှ်ဖို့ဒ်အနေနဲ့ သူရဲ့ ကစားသမားဘဝကို ပြန်လည် အဖတ်ဆည်နိုင်ဖို့နဲ့ ထိပ်တန်း တစ်ဦး ဖြစ်လာစေဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားသင့်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး နစ်ကီဘတ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကပဲ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့်
Read More

ကာရေဂါရဲ့ မန်ယူ အသင်းသား တစ်ဦးကို ပြောချက်က လွန်လွန်းတယ်လို့ ဖာဒီနန် တန်ပြန် ပြောဆို

အိုးထရက်ဖို့ဒ်က ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပွဲအပြီးမှာ ကစားသမားဟောင်းတွေကြား ပွဲအပေါ် ထင်မြင်ချက်တွေ ထွက်လာရာမှာ ယူနိုက်တက် အသင်းသား တစ်ဦးကို ဝေဖန်တဲ့ လီဗာပူး နောက်ခံလူ ကာရေဂါရဲ့ အပြောကို သရဲနီဟောင်းကြီး ဖာဒီနန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက် ကွင်းလယ် ကာဆီမီရိုရဲ့ အကျည်းတန်လှတဲ့ အမှားတွေကနေ လီဗာပူးတို့ ဂိုးတွေရခဲ့ခြင်းဖြစ်ပါတယ်။ ဘရာဇီးသားရဲ့
Read More