Category: Sports

အိမ်ရှင် ကာတာရဲ့ အစဉ်အလာပျက် ရှုံးပွဲ၊ ထရိန်နင်မှာ ရန်ဖြစ်နေတဲ့ မာရှယ်၊ ဒိုလေးကို ငြင်းတဲ့ ရိုးမားနဲ့ ယနေ့ နံနက်ခင်း ထူးခြား သတင်းများ

ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်နဲ့ ဖွင့်ပွဲ အခမ်းအနားကို မနေ့ညက ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ကာတာရဲ့ Al Bayt အားကစားကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး နာမည်ကျော် သရုပ်ဆောင် မော်ဂန် ဖရီးမန်း၊ တောင်ကိုရီးယား နာမည်ကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jung Kook တို့က
Read More

ရော်နယ်ဒို မန်ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းရင် သဘောထား ပြောင်းတော့မယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီး အသင်းဟာ မန်ချက်စတာယူနိုက်တက်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့မယ်ဆိုရင် ခေါ်ယူသွားဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းနဲ့ နည်းပြတန်ဟက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်ပိုင်း အရေးယူဖို့ စတင် လုပ်ဆောင်နေပြီလို့ ဆိုထားပါတယ်။
Read More

GOAT နှစ်ဦးရဲ့ LV ကြော်ငြာ နောက်က နက်နဲတဲ့ အဓိပ္ပါယ်ကို ဘောလုံးပရိသတ်များ ပုံဖော်နေကြ

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား(GOAT)နှစ်ဦး အဖြစ် သတ်မှတ် ခံထားရတဲ့ စီ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာ မနေ့ညက တပြိုင်နက်တည်း Post တင်ခဲ့ပြီး အဲဒီဓာတ်ပုံက ပရိသတ်တွေကြားမှာ စိတ်ဝင်စား စရာ အကောင်းဆုံးဖြစ်နေပါတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့
Read More

လုပ်ခ ၁ဝ ဆ တိုးပေးပြီး လူငယ်ကြယ်ပွင့်လေးကို အသင်းမှာ ဆက်ချုပ်ထားမယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့အတွက် ဂါနာချိုရဲ့ လက်ရှိ လုပ်ခလစာရဲ့ (၁၀)စာ အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား လူငယ် တိုက်စစ်ကစားသမားလေး ဂါနာချိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း
Read More

ကမ္ဘာ့ဖလားနဲ့ လွဲတဲ့ ဘင်ဇီမာ၊ ဒိုလေးကို ချော့ပြီး စာချုပ်ဖျက်မယ့် မန်ယူ၊ မောင့် ကို အလဲအထပ် လုပ်မယ့် ချဲလ်ဆီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ပြင်သစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘင်ဇီမာဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာကြောင့် ယခု ကာတာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ပြင်သစ် အသင်းနည်းပြ ဒမ်ချမ့်ကတော့ ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတဲ့ ဘင်ဇီမာရဲ့ ကိစ္စအပေါ် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘင်ဇီမာ နေရာ
Read More

ကမ္ဘာ့ဖလား ပြိုင်ပွဲတောင် မစသေးဘူး၊ မက်ဆီကတော့ ရွှေဖိနပ် ရသွားပါပြီ

အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှုး မက်ဆီက ဆော်ဒီအာရေဗီယားနဲ့ ကစားရမယ့် အုပ်စုအဖွင့်ပွဲကစပြီး Adidas က အထူး ဖန်တီး ထုတ်လုပ်ပေးလိုက်တဲ့ ရွှေဖိနပ်သစ်ကို ဝတ်ဆင်ကစားတော့မှာ ဖြစ်ပါတယ်။ မက်ဆီအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက အာဂျင်တီးနား မီဒီယာတွေနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျုးမှာ ၂၀၂၂
Read More

လက်ရှိ အာဆင်နယ်ရဲ့ အဓိက အသင်းသား ဖြစ်ပေမယ့် တချိန်က မန်ယူ အကြိမ်ကြိမ်ငြင်းတာ ခံခဲ့ရတဲ့ မာတင်နယ်လီ

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် မာတင်နယ်လီက မန်ချက်စတာ ယူနိုက်တက်မှာ သူ အစမ်း သွားရောက် ကစားမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးမှ ငြင်းပယ်ခံရပြီး လမ်းပျောက်ခဲ့ရတဲ့အကြောင်းတွေကို ထုတ်ဖော် ပြောပြလာခဲ့ပါတယ်။ ဘရာဇီးသားဟာ ၂၀၁၅ခုနှစ်က မန်ချက်စတာကိုလာခဲ့သလို နောက်၂နှစ်အတွင်းမှာလည်း အကြိမ်ပေါင်းများစွာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းလာရောက်စမ်းသပ်ခံခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်က စိတ်ဝင်စားခြင်း မရှိခဲ့တာကြောင့်
Read More

မောင့် စာချုပ်သစ် အလားအလာ၊ စီးရီးအေ ပြောင်းမယ့် ကန်တေ၊ နွေမှာ ငွေသုံး လောခဲ့ခြင်းနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

အီရန် နဲ့ ယှဉ်ပြိုင် ရမယ့် အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ ချဲလ်ဆီး ကစားသမား မေဆန်မောင့်၊ စီးတီးမှ ဖီးလ်ဖိုဒန်၊ အာဆင်နယ်မှ ဆာကာ တို့ ပါဝင် လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ချဲလ်ဆီး အသင်းရဲ့ ပြီးခဲ့တဲ့ နွေတုန်းက ခေါ်ယူမှုတွေဟာ အလောတကြီးနဲ့
Read More

စောစီး ရှုံးတဲ့ ဘယ်လ်ဂျီယံ၊ မန်ယူက နှင်တာ ခံလိုက်ရတဲ့ ရော်နယ်ဒို၊ စံချိန်သစ်တင်တဲ့ ဘာစီလိုနာနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မနေ့ညက ကစားတဲ့ ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲမှာ ဘယ်လ်ဂျီယံအသင်း ဟာ အီဂျစ် အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွား ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို ၂ ရက် ဆက်တိုက် မပါဝင်တာကြောင့် အီရန်
Read More

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရဖို့ ရေပန်းစားနေတဲ့ ထိပ်တန်း တိုက်စစ်မှုးများ

လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာတော့ ဘယ်သူက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ရွှေဖိနပ် ဆု အတွက် ရေပန်းစားနေတဲ့ ထိပ်တန်း တိုက်စစ်မှုးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ၅။ နေမာ (ဘရာဇီးလ်) ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်မှာ ပင်နယ်တီကို ဒိုင်ခံကန်လေ့ရှိတဲ့အပြင် သူ့ရဲ့ အရှိန်အဝါကို ဘယ်သူမှ
Read More