Latest

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြိုင်ဘက် ဖြစ်လာဖွယ် အသင်းများ

ပရီးမီးယားလိဂ် ကလပ် တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် စပါးတို့ နှစ်သင်းလုံးကလည်း ယူရိုပါလိဂ် phase အဆင့် အောင်မြင် နောက်တစ်ဆင့် ရှုံးထွက်သို့ တိုက်ရိုက် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့ phase အဆင့် နောက်ဆုံးပွဲမှာ ယူနိုက်တက်က ရိုမေးနီးယန်း ကလပ် FCSB အသင်းကို
Read More

ဒီရာသီ ဥရောပ ထိပ်ပြိုင်ပွဲ ၂ ခုမှာ ရှုံးပွဲ လုံးဝ မရှိတဲ့ အသင်း ဖြစ်လာခြင်းနဲ့အတူ ယူနိုက်တက် ယူရိုပါလိဂ် ရှုံးထွက် တက်ရောက်

ယူရိုပါလိဂ် phase အဆင့် နောက်ဆုံးပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်ဟာ စတူအာဘူခါရက် ကို အဝေးကွင်း သွားရင်ဆိုင်ရာ ၂-ဝ နဲ့ နိုင်ခဲ့ပါတယ်။ ပွဲချိန်တလျှောက်လုံး နည်းဗျူဟာပိုင်းပြိုင်ဆိုင်မှုတွေနဲ့အတူ ရိုမေးနီးယားမြေမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်က နှစ်သင်းလုံးအတွက် အထိုက်အလျောက်အရေးပါနေလို့ စတူအာဘူခါရက်ရော၊ ယူနိုက်တက်ပါ သတိကြီးကြီးနဲ့ချဉ်းကပ်လာခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေ
Read More

ဂနာချို ကို စိတ်ဝင်စားပေမယ့် ဈေးကွက် အပြင်ဘက်က ဈေးတွေတော့ မပေးဘူးလို့ နာပိုလီ အပြတ်ပြော

နာပိုလီအသင်းအားကစားဒါရိုက်တာ ဂျီယိုဗန်နီ မန်နာကတော့ မန်ယူအသင်းတောင်ပံ ကစားသမား ဂနာချိုကို ခေါ်ယူလိုနေပေမယ့် သာမန်ထက်ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုမျိုး မျှော်လင့်မထားဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းအား သတိပေးသွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ယခုဆောင်းရာသီ လမ်းခွဲဖို့ အတော်လေး နီးစပ်နေတဲ့ ဂနာချိုဟာ နာပိုလီအသင်းထံ အငှားထွက်ဖို့ သတင်းထွက်ပေါ်နေသူ တစ်ယောက် ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်ပါ စာချုပ်နဲ့
Read More

အမ်မိုရင်းကြောင့် ကမ္ဘာ့ ထိပ်တန်း နည်းပြတစ်ဦးကိုပါ ထပ်ခေါ်ပြီး လေ့ကျင့်ပေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ အမ်မိုရင်း ရောက်လာပြီးနောက် ကမ္ဘာ့ ထိပ်တန်း အားကစား ကြံ့ခိုင်ရေး နည်းပြ ကို ခေါ်ယူပြီး ယူနိုက်တက် အသင်းသားတွေကို လေ့ကျင့်ပေးနေပါတယ်။ အမ်မိုရင်းက ယူနိုက်တက် အသင်းသားတွေရဲ့ ခန္ဒာကိုယ် အဆီ နဲ့ ယေဘူယျ ကြံ့ခိုင်မှု အပိုင်းကို စိတ်တိုင်း မကျ ဖြစ်ခဲ့တာပါ။
Read More

နောက်ထပ် အာဆင်နယ်အသင်းရဲ့ အကယ်ဒမီ ကြယ်ပွင့် ထူးချွန်လူငယ်လေးကို ယူနိုက်တက် ခေါ်ယူတော့မည်

မန်ချက်စတာ ယူနိုက်တက်ဟာ အာဆင်နယ်မှ နောက်ထပ် ပါရမီရှင် လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ အေဒန်ဟဲဗင်ကို ခေါ်ယူရေး အပြီးသတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းက အာဆင်နယ်လူငယ်အသင်းမှ တိုက်စစ်မှူးချီဒိုအိုဘီမာတင်ကို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ရှိ တိုက်စစ်မှူးဟာ ယူနိုက်တက်နှင့်အတူ FA Youth Cup မှာ ခြေစွမ်းပြနေပါတယ်။ ယခု
Read More

ဒီလထဲ ယူနိုက်တက်ကနေ ထွက်ခွာပြီး သွားချင်တဲ့ ကလပ် ရှိနေတဲ့ ကွင်းလယ် ကစားသမား ကက်စမီရို

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ကက်စမီရိုက ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအပတ်မှာ ရိုးမားအသင်းကို ပြောင်းချင်နေတယ်လို့ သိရပါတယ်။ ကက်စမီရိုဟာ ၂၀၂၂ ခုနှစ်က ရီးရဲမက်ဒရစ်ကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အထင်ကြီးစရာ ခြေစွမ်းပြသခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီကစပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ ပြီးခဲ့တဲ့လက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ
Read More

ရူဘင် အေမိုရမ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ကစားသမား ခေါ်ယူမှု သဘောတူညီမှု ရသွားပါပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ ပက်ထရစ်ဒေါ်ဂူကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဘယ်နောက်ခံလူဟာ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးခေါ်ယူတဲ့ ကစားသမားအဖြစ် အိုးထရက်ဖို့ဒ်သို့ ရောက်လာပါမယ်။ အေမိုရမ်ဟာ ယခုဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် သူ့ရဲ့ ၃-၄-၃ ကစားကွက်နှင့် အံဝင်တဲ့ ကစားသမားများကို ခေါ်ယူအားဖြည့်လိုနေခဲ့တာ ဖြစ်ပြီး နောက်တန်းအစွန်က အရေးပါတယ်လို့ ယူဆနေပါတယ်။
Read More

ဇန်နဝါရီ ဈေးကွက် နောက်ဆုံးအပတ်ထဲ ယူနိုက်တက် ရဲ့ ကစားသမား အဝင် အထွက် ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့များ

ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးအပတ်ထဲ ရောက်လာပြီ ဖြစ်ပြီး ယူနိုက်တက်ဟာ ကစားသမား ဝယ်ယူမှု ရောင်းချ အငှားထုတ်မှုတွေကိုပါ ခပ်သွက်သွက် လုပ်ေ်ဆာင်လာဖွယ် ရှိပါတယ်။ ကစားသမား အဝင် ယူနိုက်တက်ဟာ လိစ်စ် အသင်းမှ ပက်ထရစ်ဒေါ်ဂူကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂ဝ အရွယ်
Read More

နည်းပြကြောင့် အရှက်ဗျန်းဗျန်းကွဲသွားတဲ့ ရက်ဖို့ဒ် အနေနဲ့ သူမှန်ရင် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ဖာဒီနန် အားပေး

သရဲနီဟောင်းကြီး ရီယိုဖာဒီနန်ကတော့ ရက်ဖို့ဒ်အတွက် ယူနိုက်တက်မှာ ပြန်လမ်း မရှိတော့ဘဲ အသင်းကနေ ထွက်ခွာရန်သာ ရွေးချယ်စရာ ရှိတော့ကြောင်း ဆိုလာပါတယ်။ ရီယိုဖာဒီနန်က “တကယ်လို့ ကျုပ်သာ မန်နေဂျာရဲ့ အဲဒီလို ပြောခြင်းခံရတဲ့ ကစားသမားဆိုပါစို့။ ကျွန်တော့်နှလုံးသား၊ ဂုဏ်သိက္ခာ၊ အတ္တတွေအားလုံး အရှက် ဗျန်းဗျန်းကွဲခံလိုက်ရတာပဲ။ ကိုယ့်စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခံရတယ်၊ အသင်းအတွက် ကိုယ့်ရဲ့ရာနှုန်းပြည့်ပေးဆပ်မှုကို မေးခွန်းထုတ်ခံရတယ်။
Read More

တပည့်ကျော် ရပ်ရှ်ဖို့ဒ် ကို ခေါ်ချင်နေတဲ့ ဘက်ဆစ်တပ် နည်းပြ ဆိုးရှားနဲ့ အင်္ဂလန်သား သဘောထား

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပိတ်မဲ့ တနင်္လာနေ့မတိုင်ခင် အသင်းပြောင်းဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သူတစ်ယောက်က ရပ်ရှ်ဖို့ဒ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ကြိုးကြိုးစားစား လေ့ကျင့်နေပြီး အသင်းအတွက် ပြန်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖူလ်ဟမ်နဲ့ပွဲအပြီး အမော်ရင်ရဲ့မှတ်ချက်စကားကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်ခြေချခွင့်ရဖို့ မသေချာတော့ပါဘူး။ ရပ်ရှ်ဖို့ဒ်ဟာ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့
Read More