Latest

နှစ်ပွဲကစား နှစ်ပွဲနိုင် ပေးဂိုးမရှိ၊ ဘန်လေနဲ့ ပွဲပြီးမှာ အမှတ်ပေးဇယား ထိပ်ရောက်သွားတဲ့ လီဗာပူး

စနေနေ့ရဲ့ ပရီးမီးယားလိဂ် အစောဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်တို့ နိုင်ပွဲရခဲ့ပြီး အဖွင့်နှစ်ပွဲဆက်တိုက်ကို အနိုင်ယူခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေ ဂိုးထပ်သွင်းနိုင်ခဲ့ပြီး ခံစစ်ပိုင်းကလည်း ပေးဂိုးမရှိအောင် ဆက်ကစားနိုင်ခဲ့တာမို့ ကလော့ပ် အတွက်တော့ ကျေနပ်စရာ ရလဒ်ဖြစ်ခဲ့ပါတယ်။ ဗန်ဒိုက် ပြန်လည်ပါဝင်လာမှုနဲ့အတူ လီဗာပူးလ်ခံစစ်ပိုင်းလုံခြုံလာတာက တိုက်ဆိုင်မှုသက်သက်တော့မဟုတ်တာ သေချာပါတယ်။ ဂျိုတာက အသင်းအတွက် ပုံမှန်ခြေစွမ်းပြနေပြီး ကလော့ပ်ရဲ့
Read More

စီးတီး၊ ယူနိုက်တက်၊ ဂျူဗီ၊ အင်တာတို့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ လှုပ်ရှားမှုများ

ဂျူဗင်တပ်အသင်းသည် ပီဂျာနစ်ကို ဘာစီလိုနာမှ ပြန်လည်ခေါ်ယူရန် နီးစပ်နေပြီဖြစ်သည်။ ထို့အပြင် မက်ကန်နီအတွက် ကမ်းလှမ်းမှုများ ကိုလည်း ဂျူဗင်တပ် က စဉ်းစားရန်ရှိကြောင်း သတင်းများက ဖော်ပြသည်။ ဟယ်ရီကိန်းကို ခေါ်ယူရေး မအောင်မမြင်ဖြစ်နေသော မန်စီးတီးအသင်းသည် ဖီယိုရင်တီနာအသင်း ရှေ့တန်းတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရေး ကြိုးပမ်းလာဖွယ်ရှိသည်။ အက်သလက်တီကိုမက်ဒရစ်နှင့် စပါးတို့ကလည်း ဗလာဟိုဗစ်ကိုခေါ်ရန် စိတ်ဝင်စားနေသည်။ အင်တာမီလန်အသင်းက
Read More

ဂိုးတွေ တမုန်းသွင်းပြီး အိုးထရက်ဖို့ဒ်မှာ ရာသီအဖွင့်လှခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးပြတ်နိုင်ပွဲ

စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ အစောဆုံးပွဲမှာတော့ ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်ကို ဂိုးပြတ်နိုင်ပွဲနဲ့အတူ အဖွင့်လှသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းကို ဂိုးပြတ်ချေမှုန်းခဲ့ပြီး ရာသီသစ်ကို အလှပဆုံးနဲ့ ဖွင့်လှစ်နိုင်ခဲ့ကာ ပရိသတ်တွေကိုလည်း အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ အပြည့်အဝပျော်ရွှင်ခွင့်ပေးခဲ့ပါတယ်။ ကစားသမားသစ်ဆန်ချိုကို အရန်လူစာရင်းမှာထားပြီး ဗာရာနီကို မိတ်ဆက်ပွဲတပါတည်း လုပ်ပေးခဲ့တဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ လူစာရင်းကိုပဲ
Read More

အာဆင်နယ် ခေါ်လိုက်တဲ့ ဘန်ဝှိုက်က ယူနိုက်တက် ခေါ်တဲ့ ဗာရန်းထက် ပိုကောင်းတယ်လို့ ရိုက်ဖိလစ် ပြော

မန်စီးတီးကစားသမားဟောင်း ရိုက်ဖိလစ်က ဘန်ဝှိုက်သည် မန်ယူခေါ်လိုက်သော ဗာရန်းထက် ပို၍ကောင်းမွန်သည့် ကစားသမားဖြစ်ကြောင်း၊ အာဆင်နယ်ကို ဘန်ဝှိုက် ရောက်လာသဖြင့် စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဝှိုက်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ပြီးနောက် ဘရိုက်တန်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၉-၂၀ တွင် လိဒ်စ်အသင်း၌
Read More

မက်ဆီနဲ့ စာချုပ်ချုပ်ရာမှာ Crypto အွန်လိုင်းငွေကြေး ထည့်သွင်းပေးချေခဲ့တဲ့ ပီအက်စ်ဂျီ

လီယွန်နယ် မက်ဆီတစ်ယောက် ဘာစီလိုနာက ထွက်ခွာပြီး ပီအက်စ်ဂျီနဲ့ ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ရာမှာ သန်းပေါင်းများစွာတန်တဲ့ Cryptocurrency ငွေပေးချေမှုတွေ ပါဝင်ခဲ့ပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ ၃၄နှစ်သားဟာ အဆိုပါ အပြောင်းအရွှေ့အတွက်PSG Fan တိုကင်တွေကို ငွေပေးချေမှု ၁စိတ်၁ပိုင်းအနေနဲ့ ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီရဲ့ ထုတ်ပြန်ချက်မှာ “PSG Fan တိုကင်တွေကို
Read More

ကြာသပတေးနေ့ နံနက်ခင်း နောက်ဆုံးရ ဘောလုံးသတင်းတိုများ စုစည်းမှု

ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား၂ ဦးဖြစ်တဲ့ မန်ဒီနဲ့ ကီပါတို့ကတော့ အသင်းလိုက်စွမ်းဆောင်ရည် ကောင်းမွန်မှုတွေကြောင့် အခုလို စူပါဖလား ချန်ပီယံဖြစ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအနေနဲ့တော့ ကာရာဘောင်ဖလားရဲ့ ဒုတိယအဆင့်ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ပင်နယ်တီအဆုံးအဖြတ်မှာ မန်ဒီ နေရာ ကီပါကို လူစားလဲလှယ်ခဲ့တာနဲ့ပတ်သက်ပြီး ကီပါ
Read More

လူကာကူ က ကိန်း၊ လီဝန်ဒေါစကီး၊ ဟာလန်းတို့နဲ့ လယ်ဗယ်တူ လို ပြောဆိုချီးကျူးလိုက်တဲ့ တူချယ်

သောမက်စ် တူချယ်က ရိုမီလူ လူကာကူဟာ အာလင်း ဟာလန်း၊ ရောဘတ် လီဝန်ဒေါစကီး၊ ဟယ်ရီကိန်းတို့နဲ့ အဆင့်တူ အနေအထား ရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်က ဟာလန်းကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့် တိုက်စစ်မှူးဟောင်း လူကာကူကို ပေါင် ၉၈သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ တူချယ်က “ရိုမီလူက ဟာလန်း၊ လီဝန်ဒေါစကီး၊
Read More

လာမယ့် ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်းတွေကို လမ်းပတ် ခန့်မှန်း ရွေးချယ်

ချယ်ဆီး နည်းပြနဲ့ ကစားသမားဟောင်းကြီး ဖရန့်လမ်းပတ်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပြီး မန်စီးတီးနဲ့အတူ ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေ အဖြစ် ယူနိုက်တက်နဲ့ လီဗာပူးတို့ကို ရွေးချယ်ခဲ့ပါတယ်။ လမ်းပတ်ရဲ့ အသင်းဟောင်း ချယ်ဆီး ဟာ တိုက်စစ်မှူးဟောင်း လူကာကူကို ပေါင် ၉၈သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့
Read More

မက်ဆီပြီး ဘာစီလိုနာ အတွက် နောက်ထပ် ထိုးနှက်ချက် ဖြစ်လာတဲ့ တိုက်စစ်မှုး အဂွဲရိုး

ဘာစီလိုနာ တိုက်စစ်မှူး အဂွဲရိုးသည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိသည်။ မက်ဆီ ထွက်ခွာသွားပြီးနောက် အဂွဲရိုး ယခုကဲ့သို့ ကာလရှည် အနားယူရခြင်းသည် ဘာစီလိုနာအသင်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အာဂျင်တီးနား တိုက်စစ်မှူး အဂွဲရိုးသည် မန်စီးတီးအသင်းမှ နူးကမ့်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ယခုအခါ အဂွဲရိုးသည် ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းအတွက် ကာလအတန်ကြာ ပြိုင်ပွဲဝင်ရောက်ကစားနိုင်မည်
Read More

မက်ဆီ ကို ပီအက်စ်ဂျီ ခေါ်မှာ စည်းမျဉ်းနဲ့ မညီဘူးလို့ တားဆီးကန့်ကွက်ဖို့ ဘာစီလိုနာ ကြိုးစား

ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီအသင်း အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာမျှခြေစည်းမျဉ်း(FFP)ကြောင့် အသင်းခေါင်းဆောင်ဟောင်း မက်ဆီကို ခေါ်ယူလို့မရနိုင်ကြောင်း စွပ်စွဲလိုက်ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ရှေ့နေတွေက ပီအက်စ်ဂျီအနေနဲ့ FFP ကြောင့် မက်ဆီကို ခေါ်ယူရေးကြိုးစားမှု အဆုံးသတ်သင့်တယ်ဆိုပြီး ဥရောပအယူခံကြားနာရေးတရားရုံးထံ ဖိုင်တင်သွင်းရင်း တားဆီးခဲ့တာပါ။ မက်ဆီဟာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဘဝလုံးကစားလာတဲ့ ဘာစီလိုနာကနေ ထွက်ခွာလာပြီလို့
Read More