Latest

အိုးထရက်ဖို့ဒ်မှာ ချယ်ဆီးကို သရေကျပြီးနောက် မဟုတ်တဲ့ ပရီးမီးယားလိဂ် သမိုင်းဝင်စံချိန် ပိုင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ချယ်ဆီးနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းဝင်စံချိန်ဆိုးတစ်ခု ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ဒီနှစ်သင်းတွေ့ရင် ပွဲက အကြိတ်အနယ်ရှိတာထက် သူပြိုင်ကိုယ်ပြိုင် အမှားလုပ်တာတွေပဲ မြင်ရလေ့ရှိပြီး အခုပွဲမှာလည်း ပွဲချိန်အတွင်း အမှားများခဲ့ကြပါတယ်။ ပထမပိုင်းမိနစ် ၂၀ အတွင်း ချယ်ဆီးက ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသခဲ့သလို ထောင့်ကန်ဘောကနေ မာဒူအီကီ ခေါင်းတိုက်သွင်းခဲ့ပေမဲ့ ဂိုးတိုက်ထိထွက်ခဲ့ပါတယ်။
Read More

လက်ရှိ ယူနိုက်တက်ကို ဝေဖန်လေကန်ရေး လုပ်နေတဲ့ သရဲနီဟောင်းကြီးတွေ အပေါ် နစ္စတယ်ရွိုင်းရဲ့ ရိုးရှင်းတဲ့ သဘောထား

ယာယီ နည်းပြ ရုဒ်ဗန်နစ္စယ်ရွိုင်းက မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း၊ အသင်းဖော်ဟောင်းများရဲ့ ယူနိုက်တက်အပေါ် ဝေဖန်ထောက်ပြမှုများမှာ ကလပ်အပေါ် ဂရုစိုက်နေမှုကြောင့်သာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ နည်းပြရူဘင်အမ်မိုရမ် မရောက်လာမီ နိုင်ငံတကာပွဲစဉ်များအထိ ယူနိုက်တက်ကို ဦးဆောင်သွားပါမယ်။ ဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူးဟာ ယူနိုက်တက်ဟာ ပထမဆုံးကိုင်တွယ်တဲ့ပွဲတွင် လက်စတာကို ၅-၂ ဖြင့် အနိုင်ယူခဲ့ပြီး ခါရာဘောင်ဖလားကွာတားဖိုင်နယ်သို့ ပို့ဆောင်ထားပါတယ်။
Read More

မန်ယူကို နောက်နှစ်မှ ကိုင်ချင်ပေမယ့် Now or Never ရွေးချယ်ခဲ့ရတဲ့ နည်းပြသစ် အမ်မိုရင်း

မန်ချက်စတာယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ ရူဘင် အမ်မိုရင်း ရာသီအကုန်တွင်မှ နည်းပြရာထူးအား ကိုင်တွယ်လိုခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က ရာသီဝက်ကာလအတွင် လက်ခံခြင်း မရှိပါက နောင်တွင် ကိုင်တွယ်ခွင့်ရလာမှာ မဟုတ်ကြောင်း ပြောကြားခြင်းခံရပြီးနောက် လက်ခံခဲ့ရကြောင်း အမ်မိုရင်း က ဆိုလာပါတယ်။ ယူနိုက်တက်ဟာ သောကြာနေ့တုန်းက နည်းပြသစ်အဖြစ် အမ်မိုရင်း ကို ခန့်အပ်ခဲ့ပါတယ်။
Read More

မန်ယူ ယာယီနည်းပြ အဖြစ် ပွဲ စ မကိုင်ခင် ဆာအဲလက်စ် နဲ့ ဆွေးနွေး အကြံယူခဲ့တဲ့ နစ္စတယ်ရွိုင်း

သရဲနီ ဂန္တဝင်ကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းက ယူနိုက်တက် ယာယီနည်းပြအဖြစ် ပထမဆုံးပွဲ မကိုင်တွယ်မီ ဆာအဲလက်စ်ဖာဂူဆန်နှင့် စကားပြောခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ တနင်္လာနေ့တုန်းက အဲရစ်တန်ဟက် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယာယီနည်းပြဖြစ်လာခဲ့ပြီး ခါရာဘောင်ဖလားတွင် လက်စတာအား ၅-၂ ဖြင့် အနိုင်ရကာ ပွဲဦးထွက် တာထွက်ကောင်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြသစ်အဖြစ် ခန့်အပ်ရန် စပို့တင်းလစ္စဘွန်းနည်းပြရူဘင်အမ်မိုရမ်နှင့် သဘာတူညီမှု
Read More

အလန်ရှီးယား ရဲ့ မန်ချက်စတာ ယူနိုက်တက် Vs ချယ်ဆီး ပွဲကြို သုံးသပ်ခန့်မှန်းချက် ထွက်လာပါပြီ

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်းတို့ဟာ ဒီတနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အိုးထရက်ဖို့ဒ် ကွင်းမှာ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။ ပွဲက တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။ နယူးကာဆယ် ဂန္တဝင်ကြီး အလန်ရှီးယား က ယူနိုက်တက်နဲ့ ချယ်ဆီး တို့ ပွဲ အတွက် အခုလို
Read More

မန်ယူ နည်းပြ ရာထူးနေ အထုတ်မခံရခင် သွင်းဂိုးတွေ အတွက် အချီကြီး ကြံနေခဲ့သေးတဲ့ အဲရစ်တန်ဟက်

enf;jy အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းမခံရမီတုန်းက သရဲနီ တိုက်စစ်မှူးဟောင်း ဒန်နီ ဝဲလ်ဘက်ခ်ကို ဘရိုက်တန်ကနေ ပြန်ခေါ်ဖို့ ကြံစည်နေခဲ့တယ်လို့ သိရပါတယ်။ တန်ဟက်ရဲ့ အိုးထရက်ဖို့ဒ်က စိတ်ပျက်စရာအချိန်ကာလဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ မန်ချက်စတာယူနိုက်တက်က နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့တဲ့အချိန်မှာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ အိုင်းယက်စ်နဲ့ ဖလား ၃ လုံး
Read More

မန်ယူ နည်းပြသစ် အမိုရင်လက်ထက်မှာ ပိုမို တောက်ပလာဦးမယ့် သရဲနီကြယ်ပွင့် ကစားသမား

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းကြီး ယပ် စတန်းက နောက်ခံလူ ဒီလစ် ဟာ နည်းပြသစ် ရူဘင် အမိုရင်လက်အောက်မှာ အလွန်တောက်ပတဲ့ အနာဂတ်ရှိလာလိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း နည်းပြသစ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အဲရစ် တန်ဟက်နဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းနည်းပြကို လျင်လျင်မြန်မြန်ပဲ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် နည်းပြဟာ
Read More

အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ နစ္စတယ်ရွိုင်း အခြေမလှနိုင်ဘူး လို့ ချယ်ဆီးပွဲကြို ပေါမာဆန် သုံးသပ်ပြီ

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီး အသင်းနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေပြီး အိုးထရက်ဖို့ဒ် ကွင်းမှာ ဧည့်ခံရမှာပါ။ ပွဲက ဒီတနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။ ဂန်းနားဟောင်းကြီး ပေါမာဆန် က ယူနိုက်တက်နဲ့ ချယ်ဆီး တို့ ပွဲ အတွက် ကြိုတင် သုံးသပ်
Read More

OFFICIAL: ထူးခြားတဲ့ အနေအထားနဲ့ အမ်မိုရင်း မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာပါပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီသား ဘောလုံးနည်းပြ ရူဘင် အမ်မိုရင်း(၃၉နှစ်)ကို အသင်း နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အမ်မိုရင်း ကို ယူနိုက်တက်က မန်နေဂျာ အဖြစ် ခန့်အပ်တာ မဟုတ်ဘဲ နည်းပြချုပ် Head Coach အဖြစ်သာ တာဝန်ပေးထားတာပါ။
Read More

လီဗာပူးလ်ရဲ့ ကန်တိုင်းလွဲ တိုက်စစ်မှုးကို မန်ယူအသင်း ခေါ်ယူဖို့ တိုက်တွန်းနေတဲ့ ဒွိုက်ယော့ခ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက် ယော့ခ်က အသင်းဟောင်းကို လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ခေါ်ယူဖို့အတွက် တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နူးညက်ဇ်ဟာ ၂၀၂၂ ခုနှစ်နွေရာသီမှာ အန်းဖီးကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးလ်က စုစုပေါင်းပေါင် ၈၅ သန်းအထိ မြင့်တက်သွားနိုင်တဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Read More