Latest

ဂရင်းဝုဒ် ကို ခေါ်ယူရေး သွေးတိုးစမ်း မေးမြန်းနေပြီ ဖြစ်တဲ့ မန်ယူရဲ့ ပရီးမီးယားလိဂ် အသင်းကြီး ပြိုင်ဘက်

မန်ချက်စတာ ယူနိုက်တက် ရဲ့ အင်္ဂလန်သား တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ချယ်ဆီး က ခေါ်ယူသွားဖို့ စုံစမ်းမှုတွေ စတင် လုပ်ဆောင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းကနေ အပြီးသတ် ထွက်ခွာသွားရဖွယ် ရှိနေပြီး ဂရင်းဝုဒ်ကိုလည်း ကလပ်အသင်းပေါင်းများစွာက
Read More

ဘရူနို ဖာနန်ဒက်စ်ရဲ့ မန်ယူ ကစားသမားဘဝ နောက်ဆုံးပွဲ ကစားရတော့မှာလား

မန်စီးတီးနဲ့ ကစားမဲ့ FA ဖလားဗိုလ်လုပွဲက ဘရူနိုဖာနန်ဒက်စအတွက် မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ အခုမေလ ၂၅ ရက်ကျရင် ဝင်ဘလေကွင်းမှာ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒီရာသီကို ဖလားလက်မဲ့နဲ့ အဆုံးမသတ်ရအောင် FA ဖလားချန်ပီယံဆု ရယူနိုင်ဖို့ လိုအပ်နေပါပြီ။ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ
Read More

မန်ချက်စတာ ယူနိုက်တက် က နည်းပြ တန်ဟက် ကို အချိန်ပေးဖို့ မျှော်လင့်နေတဲ့ ဂန္တဝင်ကြီး ရိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရိုင်ကိန်းကတော့ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် ယူနိုက်တက်က နည်းပြ တန်ဟက် ကို အချိန်ထပ်ပေးဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် မိုရက်စ်၊ ဗန်ဟားလ်၊
Read More

တန်ဟက် အသင်းကို ကြည့်လိုက်လို့ နစ်နာသွားရတဲ့ မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ နဲ့ အမျိုးသမီးအသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ တစ်ဦးချင်း အကောင်းဆုံးဆုတွေ ချီးမြှင့်တဲ့ ညစာစားပွဲ အခမ်းအနားကို ဒီနှစ်မှာ မပြုလုပ်ဖြစ်တော့ဘဲ ဒါက နောက်ဆုံး ၃ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖျက်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ညစာစားပွဲ အခမ်းအနားမှာ စီနီယာအသင်း ကစားသမား၊ အမျိုးသမီးအသင်း၊ လူငယ်အသင်း၊ နည်းပြတွေ၊ စပွန်ဆာ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့
Read More

မန်ချက်စတာ ယူနိုက်တက်အမျိုးသမီးအသင်း ကတော့ FA ဖလား ဗိုလ်စွဲခဲ့ပြီ ဖြစ်လို့ တန်ဟက် အသင်းကရော..

မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ စပါးအသင်းကို ၄-၀ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အသင်းသမိုင်းနဲ့ချီပြီ ပထမဆုံး အဓိက ဆုဖလား အဖြစ် FA ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မနှစ်က ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တက်အမျိုးသမီးအသင်းဟာ ဒီရာသီမှာတော့ FA ဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပြီဖြစ်ပါတယ်။
Read More

ကာဆီမီရို ကို ဝေဖန်ကြလို့ အာဆင်နယ် အသင်းသား လည်း ဒီလိုပဲ လို့ ဝင်ကာကွယ်သွားတဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက် မှာ ရုန်းကန်နေရပြီး ဒီတလော ဝေဖန်မှုတွေ များစွာ ခံယူလာရတဲ့ ကွင်းလယ် ကစားသမား ကာဆီမီရို အတွက် သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ ကာဆီမီရို ကို ပြေးလွှား မကစားနိုင်ဘူး ဝေဖန်နေကြတာတွေ အတွက် အာဆင်နယ် ကစားသမား တစ်ဦးလည်း ဒီလိုပဲ မပြေးနိုင်ပါဘူးလို့
Read More

အာမတ် လှဲကျခံခဲ့ရတဲ့ ကိစ္စ ပင်နယ်တီ ဖြစ်သင့်သလား မှတ်ချက်တွေပေးကြတဲ့ ရွန်းနီနဲ့ ရွိုင်ကိန်း

မနေ့ညက အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲကတော့ ထရော့ဇတ်ရဲ့ တစ်ဂိုးတည်းသော သွင်းဂိုးနဲ့အတူ အာဆင်နယ်က အနိုင်ရသွားခဲ့ပါတယ်။ ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့တာ ဆိုသော်လည်း အာဆင်နယ်က ပွဲကို အရမ်း အကောင်းကြီး ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘဲ ယူနိုက်တက်ကလည်း အတော်လေးကို လိုအပ်ချက်များတဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က
Read More

မန်ယူက အာဆင်နယ်ကို ရှုံးတာ မထူးဆန်းပါဘူး၊ ဘာလို့လဲ ဆိုတော့ … ဆိုတဲ့ နည်းပြတန်ဟက်ရဲ့ ပွဲပြီး ဆင်ခြေစကား

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ထရော့ဆက်ရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်ကို ၁-ဝ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဂန်းနားတို့ကတော့ ဒီနိုင်ပွဲကြောင့် မန်စီးတီးကို ဆက်လက် ဖိအားပေးနိုင်နေဆဲပါ။ မန်ယူ နည်းပြတန်ဟက်ကတော့ ဒီရှုံးပွဲဟာ လုံးဝ မထူးဆန်းဘဲ အကျိုးအကြောင်းတွေ ရှိတယ် ဆိုတဲ့ အကြောင်း ပွဲပြီး ဆင်ခြေစကားတွေ ဆိုခဲ့ပါတယ်။ တန်ဟက်က
Read More

ဘောအမြင်နဲ့ အသိဉာဏ် မရှိတဲ့သူတွေပဲ သူ့ကို မန်ယူကနေ ထုတ်ခိုင်းနေကြတာ ဆိုတဲ့ တန်ဟက် တုန့်ပြန်စကား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က သူ့ကို ထုတ်ပယ်ဖို့ ဝေဖန်ပြောဆိုနေကြသူတွေဟာ ဘောလုံးအမြင်နဲ့ အသိဉာဏ်မရှိသူတွေဖြစ်တယ်ဆိုပြီး တုံ့ပြန်သွားခဲ့ပါတယ်။ နည်းပြတန်ဟတ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယနေ့ည အာဆင်နယ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းထံကနေ ကြီးကြီးမားမား တုံ့ပြန်မှုတစ်ခုလုပ်ဖို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်နဲ့ပွဲမတိုင်ခင် တန်ဟတ်က ကစားသမားတွေဟာ သူ့အပေါ် လက်လျှော့လိုက်ပြီဖြစ်တယ်ဆိုတဲ့သတင်းတွေအပေါ် ငြင်းဆိုသွားခဲ့ပါတယ်။ တန်ဟတ်က ” ပဲလေ့စ်နဲ့ပွဲကလွဲရင်
Read More

မန်ချက်စတာ ယူနိုက်တက်က နည်းပြ တန်ဟက်ကို အချိန်ပေးသင့်ကြောင်း သုံးသပ်တိုက်တွန်းသွားတဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီကယ်အာတီတာက မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ဟာ အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ဖို့အတွက် အချိန်ပိုပေးရန် လိုအပ်ကြောင်း သုံးသပ်စကား ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလား အတွက် ပြိုင်ဆိုင်နေတဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက နှစ်၂၀အတွင်း ပထမဆုံးလိဂ်ဖလား
Read More