Latest
မန်ချက်စတာယူနိုက်တက်နည်းပြအမော်ရင်ဟာ အခုနွေရာသီအတွင်း ကစားသမားတွေကို ရောင်းချငွေရှာဖို့ ပြင်ဆင်နေပေမဲ့ ကမ်းလှမ်းမဲ့ အသင်းမရှိလို့ ခေါင်းခဲနေချိန်မှာ အငှားချထားတဲ့ အမေ့ခံကစားသမားတစ်ဦးကလည်း အသင်းကို ပြန်ရောက်လာတာကြောင့် အမော်ရင်အတွက် နောက်ထပ် ခေါင်းကိုက်စရာဖြစ်လာပါပြီ။ ယူနိုက်တက်နောက်ခံလူ မာလာစီယာဟာ ပြီးခဲ့တဲ့ရာသီက PSV အသင်းဆီ အငှားနဲ့သွားရောက်ကစားခဲ့ပြီး PSV အသင်းက သူ့ကို အပြီးသတ် မခေါ်ဘဲ အငှားစာချုပ်သက်တမ်းကုန်ချိန်မှာ ယူနိုက်တက်အသင်းကို
Read More
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းခေါင်းဆောင် တာစတီဂျန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို စပိန်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ရူဘင် အမိုရင်အတွက် ပြဿနာရှိတာက အိုးထရက်ဖိုဒ်ကနေ အိုနာနာ ထွက်ခွာအောင် လုပ်ဖိုဖြစ်ပြီး သရဲနီတွေဟာ ပြီးခဲ့တဲ့ရာသီ အဆင့် ၁၅ နေရာနဲ့ အရှက်ရစရာရာသီကို အဆုံးသတ်ခဲ့ပြီးနောက် အဂ်လိပ်ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းတသင်းအဖြစ် ပြန်လည်
Read More
မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီ ဈေးကွက်ထဲမှာ တိုက်စစ်အင်အားဖြည့်တင်းဖို့ အလုပ်ရှုပ်နေပေမယ့်လည်း အမိုရင်က ကွင်းလယ်ကစားသမားသစ်လည်း ခေါ်ယူချင်နေပြီး ဘရူနို ဖာနန်ဒက်စ်၊ မိန်းနူးနဲ့ အူဂါတီတို့လိုကစားသမားတွေအတွက် ပြိုင်ဆိုင်မှု ရှိလာစေချင်နေတာဖြစ်ပါတယ်။ သရဲနီတွေနဲ့ သတင်းထွက်နေတဲ့ကစားသမားဟာ အနည်းငယ်သာ ရှိနေခဲ့တာဖြစ်ပေမယ့်လည်း ဒီအပတ်မှာ ပီအက်စ်ဂျီလူငယ်ကြယ်ပွင့် ဝါရန် ဇဲ-အမ်မရီကို ခေါ်ယူဖို့ ပြောဆိုမှုတွေက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ
Read More
ဘရန့်ဖို့ဒ်အသင်းဟာ တိုက်စစ်ကစားသမား အမ်ဘူမိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြန်ပါတယ်။ ဒါပေမယ့် အမ်ဘူမိုကတော့ အခုနွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်ကိုပဲ ပြောင်းရွှေ့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ပေါင် ၅၅ သန်းနဲ့ ပထမအကြိမ်ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရသလို သောကြာနေ့တုန်းက ပေါင် ၆၂.၅ သန်းနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုလည်း ဘရန့်ဖို့ဒ်အသင်းက ငြင်းဆန်ပယ်ချခဲ့ပြန်ပါတယ်။
Read More
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရံဂိုးသမား တွန်ဟီတန်ကို တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သတင်းရရှိပါတယ်။ မန်ယူ အကယ်ဒမီထွက် ဟီတန်ဟာ အသင်းနဲ့ ရာသီပေါင်း ၂၀ အထိ ဖြတ်သန်းနိုင်တော့မှာ ဖြစ်ပြီး ကစားသမားဘဝ တစ်လျှောက် အချိန်အများစုကတော့ အဌားထွက် ကစားနေရင်းနဲ့ ကုန်ဆုံးနေခဲ့ရတာ ဖြစ်ပါတယ်။ ကာဒစ်၊ ဘရစ်တိုး၊ ဘန်လ၊ ဗီလာ
Read More
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘန်အမော်ရင် ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားအသစ်တစ်ယောက် ခေါ်ယူဖို့ စိတ်ကူးရှိနေပါတယ်။ အမော်ရင်ဟာ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီဂိုးသမား ဒီယေဂို ကော်စတာ ကို စိတ်ဝင်စားနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ ကတည်းက ဆက်သွယ်ပြောဆိုထားဖူးပါတယ်။ လက်ရှိမှာတော့ ကော်စတာ ဟာ ပေါ်တို အသင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် နွေရာသီအားလပ်ရက် ရရှိထားပါတယ်။ ပေါ်တိုအသင်းကတော့ ဒီယေဂို
Read More
စီးရီးအေ ထိပ်သီး ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် အသင်းကစားသမား ၂ ဉီးအထိ အလိုက်ပေးလိုနေကြောင်း သတင်းရရှိပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့တာကြောင့် နောက်ဆုတ်နေခဲ့ရတာ ဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဂျူဗင်တပ်အသင်း အလိုက်ပေးမယ့်
Read More
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့ အွန်လိုင်းပေါ်က Post တစ်ခုကြောင့် ဒေါသပေါက်ကွဲနေပြီး ဂါနာချိုကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်။ အသက် ၂၀ သာရှိသေးသူ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုဟာ နည်းပြအမော်ရင်နဲ့ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး အမော်ရင်က သူ့ကို အခုနွေရာသီအတွင်း အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားပါတယ်။ ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၆ ဂိုးသာ
Read More
မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျူဗင်တပ် တို့ဟာ ဒူဆန်ဗလာဟိုဗစ်နှင့် ဂျာဒွန်ဆန်ချိုတို့ကို တိုက်ရိုက်အလဲအထပ် လုပ်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ La Gazzetta dello Sport က ဂျူဗင်တပ်နှင့် ယူနိုက်တက်တို့အကြား ဗလာဟိုဗစ်နှင့်ဆန်ချိုကို အလဲအထပ်လုပ်ရန် ဆွေးနွေးနေကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချဲလ်ဆီးတွင် အငှားဖြင့် သွားကစားခဲ့တဲ့
Read More
မန်ယူအသင်းတောင်ပံတိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်တစ်ယောက် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း နည်းပါးလာခဲ့ပြီးနောက်မှာတော့ လက်ရှိအသင်းမှာသာ နေရာပြန်ရဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။ အသင်းမှ ထွက်ခွါဖို့ စီစဉ်နေပေမယ့် အဆိုပါ အဂ်လန်သား ပြောင်းချင်နေတာက ဘာစီလိုနာ တစ်သင်းထဲသာ ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါက ရာသီကြို ခရီးစဉ်မတိုင်ခင် အသင်းနဲ့အတူ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
Read More