Latest

သူ့ အမှားကြောင့် ဘိုင်ယန်ကို မန်ယူ ရှုံးတာ လို့ အထပ်ထပ် ဝန်ခံစကားတွေ ဆိုသွားတဲ့ ဂိုးသမား အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာက ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မိမိမှာအပြစ်ရှိကြောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကောင်းမွန်တဲ့ ကစားသမားဘဝ စတင်မှုမဖြစ်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အိုနာနာဟာ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား လီရွိုင် ဆာနေးရဲ့ အားမပါလှတဲ့ကန်ချက်ကို တားဆီးရာမှာ ဟန်ချက်ပျက်ပြီး လဲကျခဲ့တာကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးပေးခဲ့ရပါတယ်။ ထို့နောက်ပွဲအပြီးမှာတော့ ၄-၃ နဲ့ရှုံးနိမ့်ခဲ့တာ‌ကြောင့် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ၃ ပွဲဆက်အရှုံးကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
Read More

ရလဒ် မကောင်းခဲ့ အကြိတ်အနယ် ရှိပြီး ဂိုးပေါ်သွားခဲ့တဲ့ ဘိုင်ယန် ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲ ဘယ်လိုတွေ ကန်ခဲ့ကြသလဲ

မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲ အဝေးကွင်း ပွဲစဉ်ကတော့ ဘိုင်ယန်ကို ၄-၃ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်းမှာတင် ၂ ဂိုး ပေးခဲ့ရတဲ့ မန်ယူ အသင်းဟာ ဒုတိယပိုင်းမှာ ပြန်ကောင်းကာ ဂိုးတွေ သွင်း ချေပခဲ့ပေမယ့် ပွဲကိုတော့ အနိုင်မရတော့ဘဲ ရှုံးပွဲတွေ့ခဲ့ရတာပါ။ ဧည့်သည် မန်ချက်စတာယူနိုက်တက် က
Read More

ရော်နယ်ဒို ကို ခေါ်ခဲ့တာ မှားသွားတယ် လို့ ဝန်ခံ နောင်တရစကား ဆိုလာတဲ့ မန်ယူနည်းပြဟောင်း ဆိုးလ်ရှား

မန်ယူနည်းပြဟောင်း ဆိုးလ်ရှားကတော့ မန်ချက်စတာကလပ်ကို သူ ကိုင်တွယ်စဉ်က စီရော်နယ်ဒိုကို ခေါ်ယူခဲ့တာဟာ မှားယွင်းခဲ့ကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုဝန်ခံလိုက်ပါတယ်။ သူ့လက်ထက် ကစားသမားတွေရဲ့အတ္တကြီးမှုက သူအထုတ်ခံရဖို့ ဖြစ်စေကြောင်းလည်း ဆိုးလ်ရှားက ပြောဆိုခဲ့တာပါ။ နော်ဝေသား နည်းပြ ဟာ ၂၀၁၈ ဒီဇင်ဘာ ၁၉ ကနေ ၂၀၂၁ နိုဝင်ဘာ ၂၁ အထိ
Read More

ကိန်း မရလိုက်ပေမယ့် ဟွိုင်လန်းနဲ့ အဆင်ပြေတယ်၊ နောင်တ မရဘူးလို့ တန်ဟက် အခိုင်အမာ ပြောဆို

ဘိုင်ယန်ရောက်သွားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အိုးလ်ထရက်ဖို့ဒ် ဆီ အရောက်မခေါ်နိုင်ခဲ့ပေမဲ့လည်း နောင်တ မရဘူးလို့ မန်ယူနည်းပြ အဲရစ် တန်ဟတ်က ပြောဆိုလိုက်ပါတယ်။ စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ထဲမှာ မန်ယူနည်းပြ အဲရစ်တန်ဟတ်ရဲ့ နံပါတ် ၁ ဦးစား ပေး ပစ်မှတ် ဖြစ်ခဲ့ပေမယ့် စပါးအသင်းရဲ့ ဈေးတင်မှုကြောင့် မန်ယူတို့
Read More

ဒီည ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ကန်ဖို့ မြူးနစ်သို့ လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း

ဒီနေ့ ဗုဒ္ဓဟူးနေ့ည ဂျာမနီမြေ သွားရောက် ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အတွက် လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းကတော့ ထွက်ပေါ်နေပါပြီ။ ဒီပွဲ မတိုင်ခင် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဗာရန်းနဲ့ မောင့်တို့ ပြန်လည် ပါဝင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ခရီးထွက်သွားတဲ့ လူစာရင်းမှာတော့
Read More

မန်ယူမှာ ဒဏ်ရာရသူတွေ များလွန်းလို့ ဆရာဝန်ဆီပဲ ပြေးရမလား ဘာလုပ်ရမလဲ မသိတော့ဘူး ညည်းလာတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အများအပြားကို ဒဏ်ရာပြဿနာ ကြုံနေရတဲ့အပေါ် စိုးရိမ်စိတ် ဝင်နေရပြီ ဖြစ်ောကာင်း နည်းပြအဲရစ်တန်ဟတ်က ပြောဆိုလိုက်ပါတယ်။ အဲရစ်တန်ဟတ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင် ကစားသမား ၂၁ ယောက်စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပေးခဲ့ပြီး အဲဒီအထဲမှာ မန်ယူအသင်းရဲ့ ဒဏ်ရာရနေတဲ့ ကစားသမား ၉ ယောက်လောက်
Read More

အကြာကြီး နားရမယ့် ဝမ် ဘစ်ဆာကာ၊ ဒေါကန်ဆူပူနေတဲ့ တန်ဟက်၊ လူငယ်ပွဲ သွားကြည့်သူ ဆန်ချိုနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ

ဘရိုက်တန်နဲ့ ပွဲပြီးခါနီးမှာ ဒဏ်ရာ သွားခဲ့တဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာ ဟာ တံကောက်ကြော ထိသွားတာကြောင့် သီတင်းပတ် များစွာ အနားယူရတော့မယ် လို့ ကနဦး စစ်ဆေးမှုများ အရ သိရပါတယ်။ ထိုပွဲ မှာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ထုတ်ပယ်ပြီး မာစီယဲလ်ကို လူစားထည့်အသုံးပြုခဲ့တဲ့ နည်းပြ တန်ဟတ်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို မန်ယူအသင်း
Read More

မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ဦးရဲ့ ဟီးရိုးလုပ်ချင်တဲ့ လုပ်ပေါက်ကို ရှမိုက်ကယ်ကြီး ထောက်ပြ ဝေဖန်

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ဂိုးသမားဟောင်း ရှမိုက်ကယ်က စနေနေ့က ဘရိုက်တန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး ဟီးရိုးလုပ်ဖို့ကြိုးစားခဲ့တဲ့ မာတီနက်ဇ် အား ဝေဖန်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက် အသင်းဟာ အဖွင့်ပွဲ ၅ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ဘရိုက်တန်ဘက်က ဒန်နီရယ်ဝဲလ်ဘတ် ၊ ပါစကယ်ဂရော့စ် ၊ ဂျာအိုပက်ဒရိုတို့
Read More

ဘရိုက်တန်ကို ရှုံးပေမယ့် စိတ်ဓာတ်မကျဘဲ မြူးနစ်မှာ ဘိုင်ယန်ကို သွားယှဉ်ဖို့ စိတ်အားထက်သန်နေတဲ့ မန်ယူ နည်းပြ တန်ဟက်

ပရီးမီးယားလိဂ် ပွဲတွေမှာ အခြေမလှ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ရက်ပိုင်းအကြာမှာပဲ ချန်ပီယံလိဂ် ပွဲ အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ စနေနေ့က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၃-၁ နဲ့ ဂိုးပြတ် ရှုံးပြီးနောက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက် မြူးနစ်သို့ သွားပြီး ဘိုင်ယန်မြူးနစ်ကို
Read More

မန်ယူ ရှုံးပွဲ အပြီး လောင်နေခဲ့တဲ့ နဗီးလ်နဲ့ ကာရေဂါရဲ့ လှောင်ပြောင်မှု၊ အိုနာနာ အား အကြံပြုမှု

စနေနေ့ညနေက မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူ နောက်ခံလူဟောင်းကြီး ဂယ်ရီ နဗီးက ဒေါကန်ပေါက်ကွဲခဲ့သလို လီဗာပူး နောက်ခံလူ ဂျေမီ ကာရေဂါကတော့ နဗီးနဲ့ မန်ယူ ဂိုးသမား အိုနာနာတို့ကို လှောင်ပြောင်ခဲ့ပါတယ်။ ဘရိုက်တန်ဟာ ဒန်နီ ဝဲလ်ဘက်ခ်၊ ပါစကယ် ဂရို့စ်၊ ဂျာအို
Read More