Latest

နည်းပြ အမိုရင်ရဲ့ ဗျူဟာအခင်းအကျင်း နဲ့ ပတ်သက်ပြီး အမ်ဘီယူမို ရဲ့ သဘောထား

မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်ကစားသမား အမ်ဘီယူမိုကတော့ နည်းပြ အမိုရင်ရဲ့ ကစားကွက်ပုံစံမျိုးကို ပဲလေ့စ်မှာ ကစားခဲ့ဖူးပေမယ့် လက်ရှိ အသင်းသစ်မှာတော့ သိပ်တူညီမှုမရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။ ၃-၄-၂-၁ ကစားကွက်နဲ့ တောက်လျောက် ရလဒ်ဆိုးတွေ တွေ့ကြုံခဲ့ရအပြီးမှာတော့ အမိုရင်ကိုယ်တိုင်က ကစားကွက်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အရိပ်အမြွတ်တွေ ပြောဆိုလာခဲ့ပေမယ့် လက်ရှိ အချိန်အထိတော့ အပြောင်းအလဲ မလုပ်လာနိုင်သေးပါဘူး။
Read More

နည်းပြ အမော်ရင် ယူနိုက်တက်ကနေ အမြန်ဆုံး ထွက်သင့်နေပြီလို့ ကာရေဂါ သုံးသပ် တိုက်တွန်း

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ အမော်ရင်အနေနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ အမြန်ဆုံးထွက်သင့်နေပြီလို့ လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ကာရေဂါက သုံးသပ်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ရာသီအစမှာပဲ အဆင့် ၁၄ နေရာမှာ ရပ်တည်နေရသလို အမော်ရင်လက်ထက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၃ ပွဲမှာ ၉ ပွဲသာ အနိုင်ရပြီး ၁၇ ပွဲအထိ
Read More

အမိုရင် ဖြေစရာ စကားလုံးမဲ့သွားစေခဲ့တဲ့ ယူနိုက်တက်ရဲ့ အရေးပေါ် အစည်းအဝေးခေါ် တောင်းဆိုမှု

နည်းပြ ရူဘင် အမိုရင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေရဲ့ အရေးတကြီး အစည်းအဝေးလုပ်ဖို့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ရလဒ်တွေ ဆိုးဝါးနေသလို ကစားပုံကလည်း တိုးတက် ပြောင်းလဲလာခြင်း မရှိသေးတာကြောင့် ဘုတ်အဖွဲ့က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပုံပါ။ အသင်းက အမိုရင် ကို ချက်ချင်း ထုတ်ပယ်မှာ မဟုတ်သေးပေမယ့် နည်းပြကို ၄-၃-၃ ကစားကွက်ကို ပြောင်းကစားဖို့
Read More

ဘရန့်ဖို့ဒ်ကို ရှုံးတဲ့ပွဲ အပြီးမှာ ယူနိုက်တက်ကို အတော်လေး စိတ်ပျ-က်နေတဲ့ နည်းပြ အမိုရင်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အမိုရင်တစ်ယောက် ယခုတစ်ခေါက် ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီး အသင်းကို အတော်လေး စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့အတူ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး အမိုရင်တို့အတွက် အတော်လေးကို အရှက်ကွဲစရာ ရှုံးနိမ့်မှု တစ်ခု ဖြစ်ခဲ့ရပါတယ်။ အမိုရင်
Read More

ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲကို အာမက် အပါအဝင် ယူနိုက်တက် အသင်းသား ၄ ဦး လွဲချော်မည်

မန်ချက်စတာယူနိုက်တက်ဟာ ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အသင်းသား ၄ ဦးထိ မပါဝင်နိုင်ဘဲ လွဲချော်ဖို့ ရှိနေပါတယ်။ နည်းပြ ရူဘင် အမိုရင်က ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပွဲစဉ်ကို အာမက် ဒီရယ်လိုက မိသားစုထဲမှာ နာရေးရှိတာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ မန်ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ ၂
Read More

ခြေစွမ်းထက် ကိုလံဘီယာလူငယ်ကြယ်ပွင့်လေးကို ခေါ်ယူရေး ယူနိုက်တက် သဘောတူညီမှု ရရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အရည်အသွေးမြင့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုလံဘီယာလူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လူငယ်ကြယ်ပွင့်တွေကို ဦးစားပေးခေါ်ယူနေပြီး အခု အသက် ၁၇ နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ခရစ္စရှန်အိုရော့ဇ်ကို,ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ကိုလံဘီယာလူမျိုး ဂျာနယ်လစ်တစ်ဦးဖြစ်သူ ပီပီဆီရီယာက ယူနိုက်တက်အသင်းဟာ အိုရော့ဇ်ကိုရဲ့အပြေင်းအရွှေ့ကိစ္စအတွက် သူ့ရဲ့မိခင်ကလပ် Fortaleza CEIF အသင်းနဲ့ သဘောတူညီမှုရသွားပြီဖြစ်တယ်လို့
Read More

သရဲနီ ဂန္တဝင်ကြီးတွေရဲ့ လူသိရှင်ကြား ဝေဖန်မှုများက ယူနိုက်တက်အတွက် အကူအညီ မဖြစ်ဘူးလို့ အဲရစ်ဆင် ပြောကြား

မန်ချက်စတာ ယူနိုက်တက်စတားဟောင်း ခရစ္စတီယန်အဲရစ်ဆင်က ယူနိုက်တက် အသင်း ဂန္ထဝင်များဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့ရဲ့ လူသိရှင်ကြား ဝေဖန်နေမှုများက ကလပ်အတွက် အကူအညီ မဖြစ်ကြောင်း ပြောကြားလာပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့တဲ့ ရူဘင်အမိုရမ်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် ခက်ခဲစွာ စတင်နေရပြီး အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ
Read More

မန်ချက်စတာ ယူနိုက်တက် အသင်းသမိုင်းထဲ ထည့်သွင်းရမယ့် လက်ရှိ ကစားသမားကို အမိုရင် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းသမိုင်းထဲ ထည့်သွင်းသင့်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ကစားသမားဟောင်းတွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်း ခံနေရတဲ့ ဖာနန်ဒက်စ်ဟာ ယခုတစ်ခေါက် ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် ဂိုး ၁၀၀ မြောက်လည်း ရယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ၂၀၂၀
Read More

မပြောင်းလဲတဲ့ ကစားကွက်နဲ့ ချယ်ဆီးကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူပြလိုက်တဲ့ အမော်ရင်

ပွဲမတိုင်ခင် အင်တာဗျူးမှာ အမော်ရင်က သူ့ကစားကွက်ဖြစ်တဲ့ ၃-၄-၃ ကို ပြောင်းလဲဖို့ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် တောင်းဆိုမယ်ဆိုရင်တောင် လက်မခံဘူးလို့ ပြောခဲ့ပြီး ချယ်ဆီးကို အနိုင်ကစားခဲ့တဲ့အတွက် သူ လေကျယ်တာက အခုလောလောဆယ် အလုပ်ဖြစ်သွားတယ်။ အခုပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တာကြောင့် ယူနိုက်တက်တို့ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အမ်ဘူမိုရဲ့ခေါင်းတိုက်ချက်နဲ့ ချယ်ဆီးကို စတင်ခြိမ်းခြောက်ခဲ့တယ်။
Read More

ကာရင်တန်ထိ လာပြီး နည်းပြ အမိုရင်နဲ့ ဆွေးနွေးခဲ့တဲ့ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်

ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ကြာသပတေးနေ့တွင် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်လာကာ နည်းပြချုပ်ရူဘင်အမိုရမ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ The Athletic က ဖော်ပြလာမှုအရ ရက်ကလစ်ဖ်ဟာ မန်ချက်စတာသို့ ဆွေးနွေးမှုများ ပြုလုပ်ရန် ရောက်လာခဲ့တာ ဖြစ်ပြီး ဆွေးနွေးမှုအား ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ ရက်ကလစ်ဖ်ဟာ အမိုရမ်အပြင် အခြားတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါတယ်။
Read More