Category: Sports

မန်ယူ ဂိုးမသွင်းခင် ကတ်စ်မဲရိုး လူကျွံတာ ကို ဒိုင်က အရေးမယူလို့ ဗီလာ ပရိသတ်တွေ ထောက်ပြ ဒေါကန်နေ

မန်ချက်စတာ ယူနိုက်တက် အသင်း အဖွင့်ဂိုး မသွင်းခင် ကတ်စ်မဲရိုးဟာ လူကျွံ အနေအထားဖြစ်ခဲ့ပေမဲ့ ဒိုင်လူကြီးက ဘာမှအရေးမယူတာကြောင့် အက်စတွန်ဗီလာပရိသတ်တွေ ဒေါသပေါက်ကွဲနေကြပါတယ်။ အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၁၇ မိနစ်မှာ ထောင့်ကန်ဘောကနေ မက်ဂွိုင်းယား ခေါင်းတိုက်ချပေးတာကို ဟွိုင်လန်းက အနီးကပ်ပိတ်ပြီးတော့ သွင်းယူခဲ့ပါတယ်။ အဲဒီ ထောင့်ကန်ဘောမတိုင်ခင်
Read More

မန်ယူ အတွက် ဒီရာသီ လက်တွေ့ကျတဲ့ ရည်မှန်းချက် ၂ ခုပဲ ရှိပြီး အာရုံစိုက်ကြဖို့ လုခ်ရှော အသင်းဖော်တွေအား တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောကတော့ ဒီရာသီ မန်ယူ အတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက် ကို ထုတ်ဖော် ပြောဆိုလိုက်ပြီး အာရုံစိုက် အားထုတ်ကြဖို့ အသင်းဖော်တွေအား တိုက်တွန်းလိုက်ပါတယ်။ ရှောက မန်ယူနဲ့ အတူ ပြိုင်ပွဲအားလုံးမှာ ဖလားယူ၊ အောင်မြင်ချင်တာ ဖြစ်ပေမယ့် အခုနေမှာ ဖြစ်နိုင်တဲ့ ကိစ္စကိုပဲ တွေးကြဖို့လည်း ဆိုခဲ့ပါတယ်။
Read More

မန်ယူ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို စတင် ရရှိနေပြီ ဖြစ်တဲ့ ဂိုးသမား အိုနာနာ

မနေ့ညက ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တ်က ပွဲ ဟာ ဂိုးသမား အိုနာနာ အတွက် မန်ယူကစားသမားဘဝမှာ အကောင်းဆုံးပွဲ ဖြစ်သွားခဲ့ပါတယ်။ အဲဒီပွဲမှာ ကင်မရွန်းဂိုးသမားသာ လက်စွမ်းပြကာကွယ်မှုတွေ မလုပ်နိုင်ရင် မန်ယူဟာ တစ်ဂိုးထက်မက ပေးခဲ့ရမှာပါ။ အထူးသဖြင့် အိုနာနာဟာ ပထမပိုင်းမှာ မန်ယူအတွက် အရေးပါတဲ့ကာကွယ်မှု ၂ ကြိမ်လုပ်နိုင်ခဲ့ပါတယ်။
Read More

ဗီလာနဲ့ ပွဲမှာ ပရီးမီးယားလိဂ်သမိုင်းနဲ့ ချီပြီး ပထမဆုံး အကြိမ်အဖြစ် မန်ယူအသင်း အဝတ်စား ပြောင်းလဲ ဝင်ဆင်ခဲ့ရ

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အက်စတွန်ဗီလာအား အနိုင်ရတဲ့ပွဲမှာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် မူလ ဝတ်စုံနဲ့ မတူညီတဲ့ အနီရောင်ဘောင်းဘီကို ပြောင်းလဲ ဝတ်ဆင် ကစားလာပါတယ်။ အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ အက်စတွန်ဗီလာအား အဝေးကွင်းသို့ သွားရောက်ကစားရတဲ့ပွဲမှာ တတိယဝတ်စုံဝတ်ဆင်ခဲ့ပေမဲ့လည်း အနီရောင်ဘောင်းဘီ ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ၂၀၂၃-၂၄ ရာသီ တတိယဝတ်စုံမှာ အနီရောင်ပါ
Read More

ချယ်ဆီး၊ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှုးနဲ့ တန်းညီသွားတဲ့ ဟွိုင်လန်း၊ နောက်ပွဲ ဆက် ဂိုးသွင်းရင် ပရီးမီးယားလိဂ် စံချိန်သစ်ပါ တင်မည်

တိုက်စစ်မှုး ရာစမပ်စ် ဟွိုင်းလန်းဟာ မန်ချက်စတာယူနိုက်တက်တွင် အကောင်းဆုံးဂိုးသွင်းခြေစွမ်း ပြန်လည်တွေ့ရှိလာပြီးနောက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။ ဒိန်းမတ်တိုက်စစ်မှူးဟာ နွေရာသီတုန်းက အတ္တလန္တာမှ ယူနိုက်တက်သို့ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာ ၅ ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်သို့ ရောက်လာပြီးနောက် ပြည်တွင်းပွဲတွေမှာ အကောင်းဆုံးပုံစံ
Read More

အက်စတွန်ဗီလာရဲ့ အပိုင်ကွက် High Line ဗျူဟာ ကို မန်ချက်စတာ ယူနိုက်တက်တို့ ဒီည ဘယ်လို ဖြိုခွဲမလဲ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည ၁၁ နာရီမှာ ဗီလာပါ့ခ် သွားပြီး အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ အမြင့်ပျံနေတဲ့အသင်းဖြစ်ပြီး လက်ကျန်ပွဲတွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် စိန်ခေါ်ဖို့ ကြိုးစားနေတဲ့ အသင်း ပါ။ ဒီရာသီမှာ ဗီလာကို ခြုံကြည့်ရင် အမ်မရီတစ်ယောက် အဓိက
Read More

လူမှန်းသိတတ်စတည်းက မန်ယူ အကြောင်းပဲ တွေးပြီး တသက်လုံး မန်ယူမှာ ကစားချင်တယ်ဆိုတဲ့ သရဲနီ လူငယ် ကြယ်ပွင့်လေး

မန်ချက်စတာ ယူနိုက်တက် လူငယ်ခံစစ်မှူး ကမ်ဘွာလာက သူ့ရဲ့ခေါင်းထဲမှာ အခြားအသင်းတွေ မရှိပဲ မန်ချက်စတာ ယူနိုက်တက်မှာပဲ အချိန်အကြာကြီး ကစားချင်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ခံစစ်မှူး ကမ်ဘွာလာက ၂၀၂၀ခုနှစ်မှာ ပြင်သစ်ကလပ် ဆိုးချော့ ကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့
Read More

ဒီည ဂိုးများမယ်၊ မန်ယူမနိုင်ဘူး ဆိုတဲ့ ဘာဘာတော့ဗ်ရဲ့ အက်စတွန်ဗီလာ – မန်ယူ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီည ပရီးမီးယားလိဂ်မှာတော့ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ဗီလာပါ့ခ်ထံ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ ဒီ တနင်္ဂနွေနေ့ ည ၁၁ နာရီ မှာ ဖြစ်ပါတယ်။ မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဗီလာနဲ့ မန်ယူပွဲ
Read More

သူ လိုလားတဲ့ အချက် တစ်ခု ရမှသာ မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လာချင်တဲ့ ဂျေဒန် ဆန်ချို

ဒေါ့မွန်မှာ အငှား ထွက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်သမား ဂျာဒွန်ဆန်ချိုဟာ အချက်တစ်ခုနှင့် ကိုက်ညီမှသာလျှင် နောက်ရာသီ မန်ချက်စတာယူနိုက်တက်သို့ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့လတုန်းက အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် ပြောင်းရွှေ့ပြီးနောက် ယူနိုက်တက်အနာဂတ် မရေမရာ ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် နွေရာသီတုန်းက ဆန်ချိုအား ဒေါ့မွန်မျ ပေါင်
Read More

အဝေးကွင်း ဗီလာပါ့ခ်မှာ မန်ယူ အရှုံးနဲ့ ကြုံရမယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်းထုတ်မှု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ဗီလာပါ့ခ်ထံ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ မှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသူ ဖြစ်တဲ့ ခရစ်ဆက်တန် ကတော့ ဗီလာနဲ့
Read More