Latest

မက်ဆီရဲ့ မှတ်တမ်းသစ်နဲ့ ဗိုလ်လုပွဲရောက် အာဂျင်တီးနား၊ မပေးသင့်တဲ့ ပင်နယ်တီ၊ ဆောက်ဂိတ် အနာဂတ်နဲ့ နံနက်ခင်း ဘောလုံး သတင်းများ

မနေ့ညက အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းဟာ မက်ဆီရဲ့ ပင်နယ်တီ သွင်းဂိုး တစ်ဂိုးအပါဝင် အလာဗက်ဇ်ရဲ့ အဖိုးတန်သွင်းဂိုး နှစ်ဂိုးကြောင့် သုံးဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုး အထိ ရှိပြီ ဖြစ်တဲ့ မက်ဆီကလည်း ၁၉၉၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ် လေးခုမှာ
Read More

မက်ဆီနဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲ မတက်ဘဲ အောင်ဖျာလိပ်ရမယ် ဟောကိန်းထုတ်ထားတဲ့ ပီးယာ့ဇ်မော်ဂန်

ဗြိတိန် ရုပ်သံတင်ဆက်သူ ပီးယာ့စ် မော်ဂန်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ဟောကိန်းထုတ်ခဲ့ပြီး ပြင်သစ်နဲ့ ခရိုအေးရှား အသင်းတို့ဟာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပီးယာ့စ် မော်ဂန်က ပရိသတ်ပေါင်း ၈ သန်းအထိ ရှိတဲ့ ၎င်းရဲ့ တွစ်တာအကောင့်ကနေ ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်တွေအတွက် ဟောကိန်းတွေကို
Read More

အာဂျင်တီးနား ကမ္ဘာ့ဖလား ရရင် ပျော်နိုင်မှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်း ပြောလာတဲ့ ရော်နယ်ဒို

ဘရာဇီး ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒို နာဇာရီယိုက ဘရာဇီးရဲ့ တောင်အမေရိ မဟာပြိုင်ဘက် ဖြစ်တဲ့ အာဂျင်တီးနား ကမ္ဘာ့ဖလား ရရင် ပျော်ရွှင်လိမ့်မယ် လို့ သူတော်ကောင်း ယောင်ဆောင်ကာ မပြောချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ ဒီနှစ် ကာတာ ကမ္ဘာ့ဖလားမှာတော့ ဘရာဇီးအသင်းဟာ ခရိုအေးရှားအသင်းကို ပင်နယ်တီမှာရှုံးနိမ့်ကာ ကွာတား ဖိုင်နယ်ကနေ
Read More

ဒီည အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ပွဲစဉ်အတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က ဒီနေ့ညမှာ ယှဉ်ပြိုင်ကြမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမ ပွဲစဉ် ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” ဒီပွဲကတော့ ကျနော် လက်မြှောက်ထားချင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ဒီပြိုင်ပွဲမှာ ခရိုအေးရှား
Read More

မက်ဆီ ရဲ့ ပါဝါကြောင့် လား၊ လက်ကျန်ပွဲစဉ်တွေ မကိုင်ရတော့ဘဲ အိမ်ပြန်လွှတ်ခံရတဲ့ ဒိုင်လူကြီး

ပြီးခဲ့တဲ့ အာဂျင်တီးနား – နယ်သာလန် တို့ရဲ့ ကွာတားဖိုင်နယ် ပွဲမှာ အာဂျင်တီးနား ကစားသမားတွေဟာ စပိန်လူမျိုး ကွင်းလယ်ဒိုင် အန်တိုနီယို မတ်တီယူ လာဟို့ဇ်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ကျေနပ်ခဲ့ကြခြင်း မရှိပါဘူး။ ဒိုင်လူကြီး လာဟို့ဇ်ဟာ မိနစ် ၁၂၀ အတွင်း ၂ဖက် အသင်းသားတွေကို အဝါကတ် ၁၅ကတ် အထိ
Read More

ဟော့နေတဲ့ ခရိုအေးရှား နောက်ခံလူ၊ ပေါ်တူဂီ အသင်းနဲ့ အတူ မပြန်တော့တဲ့ ရိုနယ်ဒို၊ ဒိတ်ပေး ထားတဲ့ ဇာဗီနဲ့ နံနက်ခင်း ဘောလုံး သတင်းများ

အာဂျင်တီးနား နဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်နေတဲ့ ဘရိုက်တန် ကွင်းလယ်လူ မက် အလစ်စတာ ကို အက်သလက်တီကို မက်ဒရစ် ၊ အင်တာမီလန် နဲ့ ယူဗင်တပ် အသင်းတွေက စောင့်ကြည့် စိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။ ဘာစီလိုနာ ကွင်းလယ်လူ ဘက်စကွက် ဟာ ကမ္ဘာ့ဖလား ကနေ အိမ်ပြန် ခဲ့ရ အပြီးမှာ
Read More

မန်ယူ ကမ်းလှမ်းတဲ့ လစာထက် ၃ ဆ နီးပါးပေးပြီး ရက်ရှ်ဖို့ဒ်ကို ခေါ်တော့မယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီမှာ ဘော့စမန် အပြောင်းအရွှေ့နဲ့ ခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြသစ် အဲရစ် တန်ဟက်လက်အောက်မှာ ပုံစံကောင်း ပြန်လည် ရရှိနေတဲ့ ကစာသးမားဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်မှာ အဓိက တိုက်စစ်မှူးအဖြစ်
Read More

ရော်နယ်ဒို ကို ပွဲထွက်ကနေ မသုံးခဲ့တဲ့ အပေါ် နောင်တ ရသလား ဖြေကြားလာတဲ့ ပေါ်တူဂီ နည်းပြ ဆန်းတို့စ်

ပေါ်တူဂီ အသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြီးခဲ့တဲ့ မော်ရိုကိုကို အရေးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ စီ ရော်နယ်ဒိုကို အရန်ခုံမှာထားတာနဲ့ ပတ်သက်ပြီး နောင်တ ရစရာမရှိဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲမှာလည်း အရန်ခုံထိုင်ခဲ့ရသလို အခု မော်ရိုကိုနဲ့ ကွာတား ဖိုင်နယ် မှာလည်း
Read More

အင်္ဂလန်အသင်း အခုလို ရှုံးနိမ့်ရတာ ဘယ်သူ့ကြောင့်လဲ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်သွားတဲ့ မက်ဂွိုင်းယား

ညက ကစားခဲ့တဲ့ ပြင်သစ်နဲ့ ကွာတားဖိုင်နယ် ပွဲ အပြီးမှာ အင်္ဂလန် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက သူတို့ အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလို့ ဆိုသွားခဲ့ပါတယ်။ ထိုပွဲမှာ ပြင်သစ်က အင်္ဂလန်ကို ၂-၁ နဲ့ အနိုင်ရသွားခဲ့တာပါ။ ထိုပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား
Read More

ပင်နယ်တီ ၂ ကြိမ်ရခဲ့တဲ့ အင်္ဂလန် ကို ကျော်ဖြတ်နိုင်ရာမှာ ပြင်သစ် ဘယ်လို ကံကောင်းခဲ့လဲ ဂျရူး ထုတ်ဖော် ပြောဆို

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်ဟာ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွား ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ပြင်သစ်တို့ လူငယ် ကွင်းလယ်လူ အော်ရယ်လီယန် ချူဝါမန်နီရဲ့ ၂၅ကိုက် အကွာက ကန်ချက်နဲ့ ပွဲကို
Read More