Latest
မန်ချက်စတာ ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ထရိန်နင်မှာ နာမည်ကြီး ဘောက်ဆင်စတား Chris Eubank Jr ပါ လာရောက်ပူးပေါင်းနေပြီး ဓာတ်ပုံတွေလည်း ထွက်ပေါ်နေပါတယ်။ ဘောက်ဆင် ဆရာကြီး Chris က ယူနိုက်တက် အမာခံပရိသတ် ဖြစ်ပြီး လပ်စ် ဗီးဂတ်စ်ကနေ ယူနိုက်တက် ရှိရာ လော့စ်အင်ဂျလိစ် သို့ လာရောက်
Read More
မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ စီးတီး ကစားသမားတွေ ရာသီကြို ထရိန်နင်မှာ အစုံအလင် မလာနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အခြေမလှနိုင်ဘူးလို့ ကြိုတင် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် တို့ဟာ လာမယ့် သြဂုတ်လ ၁ဝ
Read More
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတွေကို ရယူသွားချင်တယ်လို့ MUTV နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ယူနိုက်တက်နဲ့ ဘောလုံးရာသီ (၉)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၄၀၂)ပွဲကစား (၁၃၁)ဂိုး သွင်းယူကာ (၆၆)ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို ယူရိုပါလိဂ်ဖလား
Read More
နွေဈေးကွက်မှာ အရောင်းစာရင်းထဲ ပါဝင်ထားတဲ့ ခံစစ်မှူး မက်ဂွဲရားဟာ ဒီနွေမှာ ရောင်းထုတ်မခံရဘဲ ယူနိုက်တက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လင်ဒီအော့ဖ် ကတော့ ရောင်းထုတ်ခံရနိုင်ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်အတွက် ပီအက်စ်ဂျီမှ အူဂါတီ အပြင်၊ မိုနာကိုမှ ဖိုဖန်နာနဲ့ ဆိုစီဒက်မှ ဇူဘီမန်ဒီတို့ကို သဘောကျနေဆဲ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ စမစ်ရိုးကို ခေါ်ယူရေးကိစ္စ
Read More
မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ ကတော့ လက်ရှိ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ တိုဘီ ကိုလ်ရာနဲ့ ပတ်သက်လို့ ချီးကျူးနေကြပါတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်မှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။ အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဒီကွင်းလယ်လူ ကိုလ်ရာက ပြီးခဲ့တဲ့ရာသီကတည်းက ယူနိုက်တက်အသင်းကြီးရဲ့ အရန်ကစားသမားစာရင်းမှာ (၇) ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။
Read More
အရင်ရက်က ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ အာဆင်နယ်နဲ့ ရာသီကြိုပွဲမှာ ဒဏ်ရာ ရသွားတဲ့ တိုက်စစ်မှုး ဟွိုင်လန်း နဲ့ ခံစစ်မှူး ယိုရိုရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး တန်ဟက်က ထုတ်ဖော် ပြောဆိုလာခဲ့ရာ အကောင်းမြင်ထားကြောင်း သိရပါတယ်။ အာဆင်နယ်နဲ့ ခြေစမ်းပွဲရဲ့ ပထမပိုင်းမှာ တိုက်စစ်မှုး ဟွိုင်လန်း အရင်နာသွားပြီး နောက်ထပ် မိနစ် အနည်းငယ်အကြာ
Read More
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘိုင်ယန်မြူးနစ်မှ မော်ရိုကို ညာနောက်ခံကစားသမား နူဆေး မာဇာရာအူယီကို ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေးနဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ယူနိုက်တက်က ညာခြမ်းမှာ ဒါလော့ကိုသာ အသင်းမှာ ဆက်လက် ထားရှိပြီး အာရွန် ဝမ်ဘစ်ဆာကာကိုတော့ လာမယ့်နွေမှာ အလွတ်နဲ့ လက်မလွတ်သွားရခင်
Read More
မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီနွေမှာ လမ်းခွဲထားတဲ့ နောက်ခံလူ ဗာရန်းဟာ နည်းပြ ဖာဘရီဂတ်စ် ကိုင်တွယ်တဲ့ စီးရီးအေကလပ် ကိုမို အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘိုင်ယန်နောက်ခံလူ မာဇရာအိုယီကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် အသင်းရှိ နောက်ခံလူတွေကို အရင် ရှင်းထုတ်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။ မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့
Read More
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက် ကတော့ မနေ့က အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးတဲ့ ခြေစမ်းပွဲမှာ VAR မသုံးခဲ့တာနဲ့ လူကျွံဂိုး ခွင့်ပြုခဲ့ရတာ အတွက် မကျေမနပ် ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ပွဲ ပထမပိုင်းမှာ ဟွိုင်လန်း သွင်းဂိုးနဲ့ အတူ ပွဲကို ဦးဆောင်ခဲ့ပေမယ့် ဂျေးဆု က
Read More
မန်ချက်စတာ ယူနိုက်တက် က အသင်းရဲ့ ပစ်မှတ်ဟောင်းတစ်ဦး ဖြစ်တဲ့ ညာနောက်ခံလူ ဒန်ဆယ် ဒန်ဖရီးစ်ကို ခေါ်ယူနိုင်ဖို့အတွက် နောက်ခံလူ အာရွန် ဝမ်ဘစ်ဆာကာ နဲ့ တိုက်ရိုက် အလဲအလှယ် လုပ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ညာနောက်ခံလူ ဘစ်ဆာကာဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက ခရစ္စတယ် ပဲလေ့စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး
Read More