Latest

ကားမောင်းလို့ မရသေးပေမယ့် ဘန်တလေ ကားသစ်ကြီး ဝယ်လိုက်တဲ့ မားကပ်စ်ရက်ဖို့ဒ်

ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံထားရတဲ့ မန်ယူ တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်ဟာ ဘန်တလေ ကားသစ်တစ်စီးကို ပေါင် ၂၀၀၀၀၀ ဖြင့် ဝယ်ယူလာပါတယ်။ ယူနိုက်တက် တိုက်စစ်မှူးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ သွားချိန်တွင် စီးနင်းရန်အတွက် Flying Spur Azure ကားသစ်အား ဝယ်ယူလိုက်တာပါ။ Flying Spur Azure တွင် မြင်းကောင်ရေ ၅၅၀ ပါဝင်တဲ့
Read More

မန်ယူ ကွင်းသစ် အတွက် ပြည်သူတွေရဲ့ငွေတွေ မသုံးပါဘူးလို့ မြို့တော်ဝန် ကိုယ်တိုင် အသိပေး ရှင်းလင်း

ဂရိတ်တား မန်ချက်စတာမြို့တော်ဝန်ကတော့ ပြည်သူတွေရဲ့ အခွန်ငွေများကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းသစ်စီမံကိန်းတွင် အသုံးပြုလာမည်မဟုတ်ကြောင်း ပြောကြားလာပါတယ်။ ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ အိုးထရက်ဖို့ဒ်ကွင်းသစ်ကြီး တည်ဆောက်ခြင်း (သို့မဟုတ်) ယင်းကွင်းကိုပင် အဆင့်မြှင့်တည်ဆောက်ခြင်း ပြုလုပ်ရန် စီစဉ်နေပါတယ်။ ဒါပေမဲ့ ဆာဂျမ်ရက်ကလစ်ဖ်က အိုးထရက်ဖို့ဒ်ကို မြောက်ပိုင်း ဝင်ဘာလေကွင်းအဖြစ် မြင်တွေ့လိုနေတာ ဖြစ်ပြီး ပရိသတ် ၁၀၀၀၀၀ ဆန့်ကွင်း တည်ဆောက်ရေး
Read More

ရက်ဖို့ဒ် အကြောင်းပြုလို့ ခလောက်ဆန်ချင်နေတဲ့ မီဒီယာတွေ ကို နည်းပြတန်ဟက် ခပ်ပြတ်ပြတ် ပြောဆို

ဂိုးတွေ ပြန်သွင်းနေပြီ ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ် လို တိုက်စစ်မှူးကို ပွဲထွက်ကနေ ချန်လှပ်ခဲ့တာဟာ ကစားသမားနဲ့ နည်းပြ တန်ဟက်ကြားမှာ ပြဿနာတွေ ရှိနေပြီလို့ ဂျင်မီရက်နက်က စကိုင်းစပေါ့ကနေ သုံးသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ဂိုးတွေသွင်းထားတဲ့ တိုက်စစ်သမားကို အရန်ခုံထိုင်ခိုင်းတာ အဓိပ္ပာယ်မရှိဘူး ဆိုတဲ့ ရက်နက်ရဲ့ ဝေဖန်ချက်ကို တန်ဟက်က ဒေါသထွက်ခဲ့ဟန်တူကာ မသိတဲ့
Read More

ကွင်းသစ်ဒီဇိုင်းအပ်လိုက်ခြင်း၊ တန်ဟက်ရဲ့ မကျေနပ်မှု၊ ဂိုးမက်ဇ် ပြန်ခေါ်ဖွယ်ရှိ၊ ဂိုရက်ဇ်ကာ ကို စောင့်ကြည့်ခြင်းနဲ့ မန်ယူ သတင်းတိုများ

၂ ပွဲ ဆက်တိုက်ဂိုးသွင်းပြီး ခြေစွမ်းပြနေခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ဟာ ပဲလေ့စ်နဲ့ပွဲမှာတော့ အရန်လူစာရင်းမှာသာ ပါဝင်လာခဲ့ပါတယ်။ ၎င်းက ကြွက်သားဒဏ်ရာ အနည်းငယ်ရရှိထားတယ်လို့လည်း ဆိုပါတယ်။ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ ပဲလေ့စ်ကို သူတို့က ၂-ဝ၊ ၃-ဝ လောက်တဲ့တောင် ဂိုးပြတ် နိုင်ခဲ့သင့်တာ ဖြစ်ကြောင်း မချင့်မရဲ ပြောဆိုနေပါတယ်။ မန်ယူအသင်းဟာ
Read More

အိုနာနာက ဂန်းနားဂိုးသမားထက် ပိုကောင်းတယ်၊ ကမ္ဘာ့အဆင့် လို့ ချီးကျူးနေကြပြီ ဖြစ်တဲ့ သရဲနီပရိသတ်များ

စနေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက် ဂိုးသမားအိုနာနာရဲ့ မယုံနိုင်လောက်အောင် လက်စွမ်းပြကာကွယ်ခဲ့တဲ့အပေါ် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ အံ့အားသင့် နေကြပါတယ်။ ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဂါနာချို လွဲချော်ခဲ့တာ၊ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ယူနိုက်တက်ဂိုးသမားဟောင်း ဟန်ဒါဆင် လက်စွမ်းပြခဲ့တာကြောင့် ဂိုးမရဘဲ သရေကျခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ယူနိုက်တက်ကို အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့ပြီး အိုနာနာသာ မကာကွယ်နိုင်ရင် သရေတစ်မှတ်တောင်
Read More

ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းကနေ ချန်ရတာ သိပ်ကြီး ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းထဲကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ဖို့ ခက်ခက်ခဲခဲ မဆုံးဖြတ်ခဲ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲစလုံးမှာ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးကစားခဲ့တဲ့ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ
Read More

ပဲလေ့စ်နဲ့ပွဲမှာ မန်ယူ နောက်ခံလူ မာတီနက်ဇ်ကို ဘာလို့ မထုတ်ရသလဲ ပရီးမီးယားလိဂ် ဖြေရှင်းချက် ထုတ်

ပရီးမီးယားလိဂ် ပွဲကျင်းပရေး အဖွဲ့ကတော့ မနေ့ဘက ခရစ္စတယ်ပဲလေ့စ်နှင့် ယူနိုက်တက်တို့ ပွဲစဉ်မှာ လီဆန်ဒရိုမာတီနက်ဇ် အနီကတ်ပြ ထုတ်ပယ်ခြင်း မခံခဲ့ရတဲ့ အပေါ် ရှင်းလင်းမှု ပြုလုပ်လာပါတယ်။ စနေနေ့ညတုန်းက Selhurst Park တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ယူနိုက်တက်တို့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားကာ ရမှတ် ၃
Read More

မန်ယူ ကစားသမားဟောင်း တစ်ဦး ဒုက္ခပေးခဲ့လို့ ပွဲ မနိုင်ခဲ့တာ လို့ သုံးသပ်ဝန်ခံခဲ့တဲ့ နည်းပြတန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားခဲ့ရာ ပွဲကို ထိန်းချုပ် လွှမ်းမိုးထားနိုင်သည့်တိုင် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ ဒီ သရေပွဲ ရလဒ်ဟာ ပြိုင်ဘက်အသင်း ဂိုးသမား ဒင်း ဟန်ဒါဆန် ကောင်းနေတာကြောင့်လို့ နည်းပြ တန်ဟက်က ယူဆပါတယ်။ ဒင်း ဟန်ဒါဆန် ဟာ ယူနိုက်တက်
Read More

ပဲလေ့စ်ကို ပထမပိုင်းမှာ ညှာလိုက်မိလို့ အမှတ်လျော့သွားလေခြင်းလို့ ညည်းချင်းချနေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ နည်းပြ တန်ဟက်ကတော့ သူ့အသင်းဟာ ပထမပိုင်းမှာ ပိုသာခဲ့ပေမယ့် ပြိုင်ဘက်ကို အပြတ် မဖြတ်နိုင်လိုက်တာကြောင့်သာ အခုလို အမှတ်လျော့ကာ သရေကျခဲ့ရတယ်လို့ ညည်းတွားခဲ့ပါတယ်။ “ကျနော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့က ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးလိုက်မိတာပါ။
Read More

ဥရောပ ပွဲကြီးပွဲကောင်းတွေနဲ့ နည်းပြဘဝ နေ့ရက်တွေကို သတိရနေတဲ့ ဆာအဲလက်စ် ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ သူ့ရဲ့ နည်းပြဘဝကို ပြန်လည်လွမ်းဆွတ်မိတယ်လို့ နှစ်အတော်ကြာအတွင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်သူ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ၂၇ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၈
Read More